ပရီးမီးယားလိဂ်ပွဲစဉ်(၇)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ကိုင်စီဒို ရွေးချယ်ခံရ
ပရီးမီးယားလိဂ်ပွဲစဉ်(၇)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ကိုင်စီဒို ရွေးချယ်ခံရ
===================
ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ခံစစ်ကစားသမား ကိုင်စီဒိုဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၇)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်မှာ လအလိုက် အကောင်းဆုံးကစားသမားဆုကို ရွေးချယ်ချီးမြှင့်နေသလို၊ ဒီရာသီမှာ ပွဲစဉ်တစ်ခုချင်းအလိုက် အကောင်းဆုံးကစားသမားကိုလည်း ရွေးချယ်နေတာပါ။
ပွဲစဉ်(၇)ရဲ့ အကောင်းဆုံးကစားသမား ရွေချယ်ဖို့ ဆန်ခါတင်(၈)ဦးစာရင်း ထုတ်ပြန်ခဲ့ပြီး ပရိသတ်တွေရဲ့ဆန္ဒမဲကောက်ခံခဲ့ရာမှာ ကိုင်စီဒိုက ဆန္ဒမဲ(၃၁%)ရရှိပြီး အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။
ဘုန်းမောက်တောင်ပံကစားသမား ဆယ်မီညိုက (၂၂%)၊ အာဆင်နယ်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်က (၁၅%)၊ မန်ယူတိုက်စစ်မှူး ရှက်ရှကိုက (၁၄%)၊ စပါးကွင်းလယ်ကစားသမား ကူဒူစ်က (၈%)၊ အဲဗာတန်တောင်ပံကစားသမား ဂရီးလစ်ရှ်က (၄%)၊ နယူးကာဆယ်ကွင်းလယ်ကစားသမား ဂီမာရေ့စ်နဲ့ အက်စတွန်ဗီလာတိုက်စစ်မှူး မာလန်တို့က (၃%)စီ ရရှိခဲ့ကြောင်း သိရပါတယ်။
ကိုင်စီဒိုဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ Man of the Match ဆု အများဆုံးရရှိထားတဲ့ ကစားသမားအဖြစ် ရပ်တည်နေကြောင်းလည်း သိရပါတယ်။ #Eleven