ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပါတီဝန်းရံမိတ်ဆွေများနှင့်တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပါတီဝန်းရံမိတ်ဆွေများနှင့်တွေ့ဆုံ

===================

အောက်တိုဘာ ၅၊ ရန်ကုန်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ပါတီဌာနချုပ်ရုံးခွဲ(ရန်ကုန်)၌ ပြုလုပ်သော ပါတီဝန်းရံသူမိတ်ဆွေများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေများ၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် သိရှိလိုသည့်အချက်အများအား တွေ့ဆုံပွဲတက်ရောက်လာသော ပါတီဝန်းရံသူမိတ်ဆွေများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲကို ညနေ ၄ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။