ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီးမှ ပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီးမှ ပါတီဝင်များနှင့်တွေ့ဆုံ

======================

အောက်တိုဘာ ၃၊ ရန်ကုန်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပါတီဌာနချုပ်ရုံးခွဲ(ရန်ကုန်)တွင် ကျင်းပပြုလုပ်သော ပါတီဝင်များနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

 

တွေ့ဆုံပွဲအခမ်းအနားကို တက်ရောက်လာသူအားလုံးက နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းနှင့် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့မှ ဆောင်ရွက်ရန်လုပ်ငန်းစဉ်များကိုလည်းကောင်းရှင်းလင်းပြောကြားခဲ့ပါသည်။

 

ထို့နောက် တက်ရောက်လာသော ပါတီဝင်များက သိရှိလိုသည်များအား တင်ပြမေးမြန်းကြရာ ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ တို့မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး နေ့လည် ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် တွေ့ဆုံပွဲအခမ်းအနားပြီးမြောက်ခဲ့ပါသည်။

 

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ပါတီဝင် (၁၃၅)ဦးတို့ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။