ပရီးမီးယားလိဂ်ပွဲစဉ်(၆)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ဟာလန်း ရွေးချယ်ခံရ
ပရီးမီးယားလိဂ်ပွဲစဉ်(၆)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ဟာလန်း ရွေးချယ်ခံရ
==============
မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဟာလန်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၆)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်(၆)မှာ မန်စီးတီးက ဘန်လေကို (၅-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဟာလန်းက အသင်းအတွက် (၂)ဂိုးသွင်းယူနိုင်ခဲ့သလို၊ ဂိုးဖန်တီးမှု(၁)ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ပွဲစဉ်(၆)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး အခုလိုြရွေးချယ်မှုကို ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်က ပွဲစဉ်အလိုက် ဆန်ခါတင်ကစားသမားစာရင်း ထုတ်ပြန်ပေးပြီး ပရိသတ်တွေက အွန်လိုင်းကတစ်ဆင့် ဆန္ဒမဲပေးခဲ့ရာမှာ ပွဲစဉ်(၆)အတွက် ဟာလန်းက ဆန္ဒမဲ (၃၀ %)ရရှိကာ အများဆုံးဖြစ်ခဲ့ကြောင်း သိရပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ ဟာလန်းမတိုင်ခင် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသူတွေကတော့ ပွဲစဉ်(၁)မှာ ရစ်ချာလီဆန်(စပါး)၊ ပွဲစဉ်(၂)မှာ ပယ်လင်ညာ(စပါး)၊ ပွဲစဉ်(၃)မှာ ဆိုဘိုဆလိုင်း(လီဗာပူးလ်)၊ ပွဲစဉ်(၄)မှာ လူးကပ်စ်ဘာ့ဂ်ဗောလ်(စပါး)၊ ပွဲစဉ်(၅)မှာ ဂရာဗန်ဘာ့ချ်(လီဗာပူးလ်)တို့ဖြစ်ကြောင်း သိရပါတယ်။ #Eleven