ထရမ့်က အမေရိကန်ရေငုပ်သင်္ဘောများကို ရုရှားကမ်းရိုးတန်းအနီး နေရာချထားသည်ဟုဆို

ထရမ့်က အမေရိကန်ရေငုပ်သင်္ဘောများကို ရုရှားကမ်းရိုးတန်းအနီး နေရာချထားသည်ဟုဆို

==============

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကို ရုရှားနိုင်ငံ၏ကမ်းရိုးတန်းအနီးသို့ ရွှေ့ပြောင်းနေရာချထားသည် ဟု စက်တင်ဘာလ ၃၀ ရက်တွင် ထပ်မံ ပြောဆို လာသည်။

ရုရှားနှင့်ယူကရိန်းတို့ကြား ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရန် အချိန်အတိုင်းအတာချမှတ်မည်ဟု ထရမ့် က ကြေညာမှုအပေါ် အမေရိကန်သည် ရုရှားကို ရာဇသံပေးသည့်ပုံစံမျိုးလုပ်လာနေသည်ဟု ရုရှားလုံခြုံရေး ကောင်စီဒုတိယဥက္ကဋ္ဌကပြောပြီးနောက် ထရမ့်က ယခုကဲ့သို့ ထပ်မံပြောဆိုလာခြင်း ဖြစ်သည်။

ထရမ့်သည် အမေရိကန်ရေငုပ်သင်္ဘော များကို ရုရှားကမ်းရိုးတန်းအနီးသို့စေလွှတ်ရန် ဇူလိုင်လ ၁ ရက်တွင် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

ဩဂုတ်လအစောပိုင်းတွင်မူ ထိုရေငုပ်သင်္ဘောများသည် သတ်မှတ်ထားသောနေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောထားသည်ဟု Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။