ထရမ့်ကို လျော်ကြေး ဒေါ်လာ ၂၄.၅ သန်းပေးပြီး အမှုကျေအေးဖို့ သဘောတူရတဲ့ YouTube

ထရမ့်ကို လျော်ကြေး ဒေါ်လာ ၂၄.၅ သန်းပေးပြီး အမှုကျေအေးဖို့ သဘောတူရတဲ့ YouTube

================

YouTube ဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့က ထရမ့် ထောက်ခံသူတွေက လွှတ်တော်ကို တိုက်ခိုက်မှုအပြီးမှာ နောက်ထပ် အဓိကရုဏ်းတွေ ဖြစ်မှာစိုးတဲ့အတွက် ထရမ့်ရဲ့ အကောင့်ကို ပိတ်ခဲ့ပါတယ်။ အဲဒါကြောင့် ထရမ့်က တရားစွဲခဲ့ပြီး အခုတော့ YouTube က ဒေါ်လာ ၂၄.၅ သန်းနဲ့ ကျေအေးဖို့ သဘောတူခဲ့ပါတယ်။ အဲဒီငွေပမာဏထဲက ဒေါ်လာ ၂၂ သန်းကို အိမ်ဖြူတော်မှာ ballroom အသစ်တစ်ခု တည်ဆောက်ဖို့ ရန်ပုံငွေရှာနေတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုဆီကို ပေးချေမှာဖြစ်ပြီး ကျန်ဒေါ်လာ ၂.၅ သန်းကိုတော့ ထရမ့် ရဲ့ တရားစွဲဆိုမှုမှာ ပါဝင်ခဲ့တဲ့ တခြားမဟာမိတ်တွေကို ပေးချေမှာ ဖြစ်ပါတယ်။

YouTube ဟာ ထရမ့် နဲ့ အခုလို ကျေအေးခဲ့တဲ့ တစ်ခုတည်းသော နည်းပညာကုမ္ပဏီတော့ မဟုတ်ပါဘူး။ အရင်က Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ကလည်း ထရမ့် ရဲ့ သမ္မတစာကြည့်တိုက်အတွက် ဒေါ်လာ ၂၅ သန်းနဲ့ ကျေအေးခဲ့သလို၊ Elon Musk ရဲ့ X (Twitter) ကလည်း ဒေါ်လာ သန်း ၁၀ နဲ့ ကျေအေးခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒီလို ကျေအေးမှုတွေ ပြုလုပ်ပြီးနောက်မှာ ထရမ့် ရဲ့ social media account တွေအားလုံးကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဒီကျေအေးမှုတွေက Silicon Valley က နည်းပညာကုမ္ပဏီကြီးတွေနဲ့ Republican အစိုးရကြားက ဆက်ဆံရေး အပြောင်းအလဲကို သိသိသာသာ ပြသနေပါတယ်။ ကုမ္ပဏီတွေဟာ Republican တွေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တယ်လို့ ဝေဖန်ခဲ့တဲ့ content စိစစ်မှုတွေကို ဖြေလျှော့ပေးလာခဲ့ပြီး၊ YouTube ဟာ Covid နဲ့ ရွေးကောက်ပွဲအကြောင်း သတင်းမှားတွေတင်လို့ ပိတ်ထားခဲ့တဲ့ account တွေကိုတောင် ပြန်ဖွင့်ပေးဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

Ref : bbc

#DigitalTimes