ရွေးကောက်ပွဲမှာ နှလုံးသားကော ဦးနှောက်ကော အသုံးချပြီး မဲပေးရွေးချယ်မှ အမှန်တရားကိုရရှိမယ်လို့ဆို
ရွေးကောက်ပွဲမှာ နှလုံးသားကော ဦးနှောက်ကော အသုံးချပြီး မဲပေးရွေးချယ်မှ အမှန်တရားကိုရရှိမယ်လို့ဆို
၊ ၂၉.၉.၂၀၂၅
မဲဆန္ဒရှင်တွေအနေနဲ့ ကိုယ့်ဘာသာစဉ်းစားပြီးတော့ နှလုံးသားကော ဦးနှောက်ကော အသုံးချပြီးတော့ မဲပေးရွေးချယ်မှ အမှန်တရားကိုရရှိမယ်လို့ ပါတီဝင်တွေကို ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူးဦးသောင်းအေးကပြောဆိုလိုက်ပါတယ်။
ဒီအပြင် မဲဆွယ်စည်ရုံးရေးကာလရောက်ပြီဆိုတာနဲ့ ပြောဆိုဟောပြောတာတွေပြုလုပ်ကြမှာဖြစ်ပါတယ်။
သူဟာ ကြားကောင်းအောင် မွန်းကြပ်အောင်ပြောနေတာလား၊ ဒီလူရဲ့ တစ်ကယ့်ရင်ထဲမှာ ဒီလိုစိတ်ထားတွေရှိရဲ့လား ဒီလူရဲ့အသိဉာဏ်ပညာစွမ်းအားကကော သူပြောတဲ့အတိုင်းလုပ်နိုင်ရဲ့လား ခန့်မှန်းသုံးသပ်ပြီးတော့မှ ဪ ဒီပါတီကတော့ တိုင်းပြည်အတွက်ငါတို့ဒေသအတွက် အားကိုးရမယ့်ပါတီပဲ ၊ ဒီလူကတော့ တို့ နိုင်ငံ တို့လူမျိုး တို့ဒေသအတွက်အားကိုးရမယ့်လူပဲဆိုတာကို အဖြေရပြီဆိုတော့မှ ဒီဇင်ဘာ ၂၈ ရက်နေ့ကြရင်မှန်မှန်ကန်ကန် မဲပေးလိုက် လိုဦးသောင်းအေးကပြောပါတယ်။
ဒီကနေ့ ပျော်ဘွယ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးမှာ လစဉ်ပါတီဝင်တွေ့နဲ့ တွေ့ဆုံပွဲမှာအထက်ပါအတိုင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဆန္ဒမဲပေးပြီးပြီဆိုရင်တော့ နိုင်ငံသူနိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကျေပြီလို့ သက်မှတ်ရမှာဖြစ်ပါတယ်။ ဒီအချိန်မှာရွေးကောက်ပွဲမဖြစ်မြောက်အောင် အမျိုးမျိုးထိုးနှပ်သွေးထိုးစည်းလုံးမှုကြောင့် မဲလာမပေးတဲ့ အဖြစ်မရောက်အောင်လည်းဆောင်ရွက်ကြဖို့ ပြောဆိုခဲ့ပါတယ်။
ယခင်ရွေးကောက်ပွဲစနစ်က ကိုယ်တိုင်မဲစာရွက်အပေါ်မှာ အမှန်ခြစ်တာ၊ တုံးထုတာတွေရဲ့အပေါ်မှာ မမှန်မကန်ဆောင်ရွက်ခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ ယခုရွေးကောက်ပွဲမှာတော့ မသမာမှုအရှင်းဆုံးနဲ့အကင်းဆုံးဖြစ်တဲ့ စက်ခလုပ်နှိပ်မဲပေးတဲ့စနစ်နဲ့ ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။