ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း မိတ္ထီလာခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီအောင်နိူင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေးသို့ တက်ရောက်

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း မိတ္ထီလာခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီအောင်နိူင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေးသို့ တက်ရောက်
=======================
မိတ္ထီလာ စက်တင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးန်းမတွင် ပါတီအောင်နိူင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေးပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊မိတ္ထီလာခရိုင် ပါတီဥက္ကဌ ဦးထွန်းထွန်းဦး၊ အတွင်းရေးမှုး ဦးရဲထွန်းနိူင်၊ မလှိင်မြို့နယ်ပါတီဥက္ကဌ ဦးမော်ဆွေ၊ အတွင်းရေးမှုးဦးဝင်းညွန့်နှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းမှ ပါတီအောင်နိူင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် ပါတီဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးမှ ပါတီအောင်နိူင်ရေးအတွက် ဆောင် ရွက်သွားရမည့် အောင်နိူင်ရေးလုပ် ငန်းစဥ်များအား အသေးစိတ်ရှင်း လင်းပြောကြားခဲ့ပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်ရေး၊ တောင်းခံထားသော စာရင်းဇယားများ အချိန်မီပေးပို့နိူင်အောင် ဆောင်ရွက်ရေး၊ အောင်နိူင်ရေးအဖွဲ့များ ဖွဲ့စည်း၍ ကြိုးစားဆောင်ရွက်ကြရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။