ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင် မြန်မာကလေးငယ်အဖွဲ့ ပထမဆုရ

ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင် မြန်မာကလေးငယ်အဖွဲ့ ပထမဆုရ

=====================

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင် AI အသုံးပြု ရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကားတီထွင်ခဲ့သည့် မြန်မာကလေးငယ်အဖွဲ့ မှပထမဆုရခဲ့ကြောင်း သိရသ ည်။

စက်တင်ဘာ (၁၉) ရက်မှ (၂၁) ရက်အထိ ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲ (World Robot Olympiad Asia Pacific Open Championship) ကို ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ We Are Genius MYANMAR အသင်းသည် AI အသုံးပြု ရှာဖွေကယ်ဆယ်ရေးစက်ရုပ်ကားဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသည်စက်ရုပ်ကားကို သဘာဝဘေးဒဏ်အန္တရာယ်ကျရောက်သည့် အခြေအနေများတွင် လူဝင်ရောက်ရန် ခက်ခဲ‌သောနေရာများထဲသို့ အလိုအလျောက်သွားလာသောစနစ်ဖြင့် ရှာ‌ဖွေကယ်ဆယ်ရေးပြုလုပ်နိုင်ရန် ရည်ရွယ်ထုတ်လုပ်ပြသမှုဖြင့် အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲ၌ We Are Genius MYANMAR အသင်းတွင် မိုးပြည့်စုံကျော် (၁၁) နှစ်၊ ကျော်ဘုန်းခန့်ဇော် (၁၁) နှစ်နှင့် ဉာဏ်ကိုး (၁၂)နှစ်တို့သည် ဟောင်ကောင်၊ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ မကာအိုစသည့် နိုင်ငံများဖြင့်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုရရှိခဲ့‌ခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု We Are Genius MYANMAR အသင်း၊ ILBC ၊ CIY Club တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ #Popular