ယာမဲလ်ကို ကျော်ပြီး ရွှေဘောလုံးဆု ဒမ်ဘီလီ ဆွတ်ခူး၊ အမျိုးသမီးဆုကို ဘွန်မာတီ ၃ နှစ်ဆက် ရရှိ
ယာမဲလ်ကို ကျော်ပြီး ရွှေဘောလုံးဆု ဒမ်ဘီလီ ဆွတ်ခူး၊ အမျိုးသမီးဆုကို ဘွန်မာတီ ၃ နှစ်ဆက် ရရှိ
=================
၂၀၂၅ ခုနှစ်အတွက် ဘလွန်းဒီအော်ဆုကိုတော့ သတင်းတွေထွက်ပေါ်ခဲ့တဲ့အတိုင်း ပီအက်စ်ဂျီ တိုက်စစ်မှူး ဒမ်ဘီလီက ဆွတ်ခူးသွားခဲ့ပါတယ်။ ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီမှာ နိုင်ငံနဲ့ ကလပ်အသင်းအတွက် ပွဲပေါင်း ၆၀ ကစားခဲ့ပြီး ၃၇ ဂိုးသွင်းကာ ဖန်တီးမှု ၁၆ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ရေးအတွက် အဓိကနေရာက ပါဝင်ခဲ့တာကြောင့်လည်း အခုလို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဆုကိုတော့ ရော်နယ်ဒင်ဟိုက ချီးမြှင့်ပေးခဲ့ပါတယ်။
၂၀၂၅ ခုနှစ်အတွက် အမျိုးသမီး ဘလွန်းဒီအော်ဆုကို ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်ကစားသမား ဘွန်မာတီက ရရှိသွားခဲ့ပါတယ်။ ဒါဟာ သူ့အတွက် သုံးနှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီနဲ့ ပလာတီနီတို့ရဲ့နောက် တတိယမြောက် ၃ ကြိမ်ဆက် ရရှိသူအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ သူ့ကိုတော့ ဘာစီလိုနာ ဂန္ထဝင်တစ်ဦးဖြစ်တဲ့ အင်နီယေစတာက ဆုချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။
အဆိုပါဆုပေးပွဲကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့ Theatre du Chatelet မှာ တနင်္လာနေ့က ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
၂၀၂၅ Ballon d’Or ဆုပေးပွဲ အနှစ်ချုပ်
=======================
၁။ အကောင်းဆုံး အမျိုးသားကစားသမား (Ballon d’Or) – အူစမာနီ ဒမ်ဘီလီ/PSG/ပြင်သစ်
၂။ အကောင်းဆုံး အမျိုးသမီးကစားသမား (Ballon d’Or Ferminin) – အီတာနာ ဘွန်မာတီ/ဘာစီလိုနာ/စပိန် (၃ ကြိမ်ဆက် ရရှိ)
၃။ အကောင်းဆုံး အမျိုးသား တိုက်စစ်မှူးဆု (Gerd Muller Trophy) – ဗစ်တာ ယိုကယ်ရက်စ်/အာစင်နယ်/စပို့တင်း
၄။ အကောင်းဆုံး အမျိုးသမီး တိုက်စစ်မှူးဆု (Gerd Muller Trophy) – အီဗာ ပါဂျော်/ဘာစီလိုနာ
၅။ အကောင်းဆုံး အမျိုးသားဂိုးသမား (Yashin Trophy) – ဒွန်နာရမ်မာ/PSG/မန်စီးတီး
၆။ အကောင်းဆုံး အမျိုးသမီးဂိုးသမား (Yashin Trophy) – ဟန်နာ ဟမ်တန်/အင်္ဂလန်
၇။ အကောင်းဆုံး အမျိုးသားနည်းပြဆု (Johan Cruyff Trophy) – လူးဝစ် အန်နရီကေး/PSG
၈။ အကောင်းဆုံး အမျိုးသမီးနည်းပြဆု (Johan Cruyff Trophy) – ဆာရီနာ ဝီမန်/အင်္ဂလန်
၉။ အကောင်းဆုံး အမျိုးသား လူငယ်ကစားသမားဆု (Kopa Trophy) – လာမင်း ယာမဲလ်/ဘာစီလိုနာ (၂ ကြိမ်ဆက်ရရှိ)
၁၀။ အကောင်းဆုံး အမျိုးသမီး လူငယ်ကစားသမားဆု (Kopa Trophy) – ဗစ်ကီ လိုပက်ဇ်/ဘာစီလိုနာ
၁၁။ အကောင်းဆုံး အမျိုးသားကလပ် အသင်းဆု – ပဲရစ်စိန့်ဂျာမိန်း (PSG)
၁၂။ အကောင်းဆုံး အမျိုးသမီးကလပ်အသင်းဆု – အာဆင်နယ်