ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်ရွှေပြည်သာမြို့နယ်ပါတီ ကော်မတီဝင်များ၊ရပ်ကျေးပါတီကော်မတီဝင်များနှင့်တွေ့ဆုံ
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်ရွှေပြည်သာမြို့နယ်ပါတီ ကော်မတီဝင်များ၊ရပ်ကျေးပါတီကော်မတီဝင်များနှင့်တွေ့ဆုံ
==============================
ရွှေပြည်သာ စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်နှင့်ရွှေပြည်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊အရံကော်မတီဝင်များ၊ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌများ၊ရပ်ကျေးပါတီကော်မတီဝင်များနှင့်တွေ့ဆုံပွဲပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ရန်ကုန်တိုင်းကော်မတီဝင်၊မင်္ဂလာဒုံခရိုင်တာဝန်ခံ ဦးခင်မောင်တင့်၊မင်္ဂလာဒုံခရိုင်ပါတီနာယက ဦးဇော်ဝင်းသန့်၊မင်္ဂလာဒုံခရိုင်ပါတီဥက္ကဌ ဦးမျိုးမင်းနိုင်၊ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသိန်းနိုင်နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊အရံပါတီကော်မတီဝင်များ၊ရပ်ကွက်ကျေးရွာပါတီဥက္ကဌနှင့်ကော်မတီဝင်များစုံလင်စွာတက်ရောက်ခဲ့ကြပါသည်။
ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်မှ တက်ရောက်လာကြသောပါတီဥက္ကဌများနှင့်ပါတီဝင်များဖြင်းစုံစုံလင်လင်တွေ့ဆုံရသောကြောင့် ဝမ်းသာရပါကြောင်း ၊ယခုလာမည့်အထွေထွေရွေးကောက်ပွဲတွင် အောင်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးစားပေးကြစေလိုကြောင်းနှင့်နောက်အချိန်ကာလများတွင်လည်း လူငယ်၊အမျိုးသမီးအဖွဲ့များတွေ့ဆုံမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
၎င်းနောက် တက်ရောက်လာသောရပ်ကွက်အသီးသီးမှ ပါတီဥက္ကဌများမှ မိမိတို့၏ရပ်ကွက်အခြေအနေများ၊ပါတီ၏ရှေ့လုပ်ငန်းစဥ်များအားတင်ပြခဲ့ကြပြီး မင်္ဂလာဒုံခရိုင်ပါတီဥက္ကဌ မှတင်ပြချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။