ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာသန်ထွန်းအမျိုးသမီးပါတီဝင်များနှင့်တွေ့ဆုံ
ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး
ဒေါက်တာသန်ထွန်း အမျိုးသမီးပါတီဝင်များနှင့်တွေ့ဆုံ
===========================
ပုသိမ် စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခန်းမ၌
ပါတီဝင် အမျိုးသမီးများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲအခမ်းအနားသို့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊
ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်း၊
တိုင်းပါတီ ကော်မတီဝင် ဒေါ်နွယ်နွယ်ဦး၊
ဦးအေးကျော်၊ မြို့နယ်ပါတီ ဥက္ကဌနှင့် ကော်မတီဝင်များ မြို့ပေါ်ရပ်ကွက် (၁၅) ခုမှ ပါတီဝင်အမျိုးသမီး (၆၀)ဦး နှင့် တွေ့ဆုံပြီး ပါတီအောင်နိုင်ရေး၊ ရပ်ကွက်များအတွင်း အမျိုးသမီးထု အင်အားဖြင့် စည်းရုံးရေးဆိုင်ရာကိစ္စများအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။