ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းတက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအားဂုဏ်ပြုချီးမြှင့်ပွဲသို့တက်ရောက်

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းတက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအားဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက်
======================
ပုသိမ် စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ခန်းမ၌ ပါတီဝင်မိသားစု တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူ များအား ဂုဏ်ပြုပွဲအားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းပါတီကော်မတီ အတွင်းရေးမှူး ဒေါ်ခင်စောမူ၊ တိုင်းပါတီကော်မတီဝင် ဒေါ်နွယ်နွယ်ဦး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး (ငြိမ်း) ဦးအေးကျော် ၊ ခရိုင်ပါတီကော်မတီ ဥက္ကဌနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီ ဥက္ကဌနှင့် ကော်မတီဝင်များ၊ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူ များ၊ မိဘအုပ်ထိန်းသူများ နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း (၇၅) ဦးတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းမှ ဝမ်းမြောက်ဂုဏ်ပြုစကားပြောကြားပြီး ကျောင်းသား/ သူ ၂၃ ဦးအား ဂုဏ်ပြုဆုလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး ကျောင်းသား/သူ များနှင့်အတူနေ့လည်စာသုံးဆောင်ခဲ့ကြောင်းသိရှိရပါသည်။