ကမ္ဘောဒီးယားနယ်စပ်မှာ ထိုင်းနဲ့ကမ္ဘောဒီးယားဆန္ဒပြသူတွေအကြား ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွား

ကမ္ဘောဒီးယားနယ်စပ်မှာ ထိုင်းနဲ့ကမ္ဘောဒီးယားဆန္ဒပြသူတွေအကြား ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွား

======================

ထိုင်း – ကမ္ဘောဒီးယားနယ်စပ်မှာ လုံခြုံရေးအတားအဆီးတွေ ပြန်လည်တပ်ဆင်နေတဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ကမ္ဘောဒီးယားဆန္ဒပြသူတို့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

လုံခြုံရေးအတားအဆီးတွေဖြစ်တဲ့ သံဆူးကြိုးတွေကိုတပ်ဆင်နေတဲ့ ထိုင်းစစ်တပ်နဲ့ ကမ္ဘောဒီးယားဆန္ဒပြသူ ၂၀၀ ခန့်တို့ဟာ စက်တင်ဘာ ၁၇ ရက်နေ့ ညနေ ၃ နာရီခန့်က ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်ပြီး ကမ္ဘာဒီးယားတွေက အတားအဆီးတွေကို ဖယ်ရှားဖို့ ကြိုးစားခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံတကာသတင်တွေမှာတော့ ထိုင်းအရာရှိတွေကို ဆန္ဒပြသူတွေက ကျောက်ခဲတွေ၊ တုတ်တွေနဲ့ ပစ်ပေါက်ခဲ့လို့ ထိုင်းစစ်တပ်က မျက်ရည်ယိုဗုံးတွေ ရာဘာကျည်ဆန်တွေနဲ့ အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကဖြစ်ပွားခဲ့တဲ့ နယ်စပ်ပဋိပက္ခအတွင်း လူသေဆုံးမှုဖြစ်စဉ်အပြီး အကြီးမားဆုံးတင်းမာမှုတစ်ခုဖြစ်ပြီး အခုဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုအတွင်း ထိုင်းစစ်တပ်က အရာရှိတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။