ဒဏ်ရာပြဿနာကြောင့် နယူးကာဆယ်နဲ့ပွဲလူစာရင်းမှာ ယမားလ် လွဲချော်

ဒဏ်ရာပြဿနာကြောင့် နယူးကာဆယ်နဲ့ပွဲလူစာရင်းမှာ ယမားလ် လွဲချော်

======================

ဘာစီလိုနာအသင်း လူငယ်ကစားသမား  ယာမယ် သည်  ဒဏ်ရာပြဿနာကြောင့် နယူးကာဆယ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်ကို  လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

အသက်  ၁၈  နှစ်အရွယ်  လူငယ်ကစားသမား ယာမယ်သည် ပေါင်ခြံဒဏ်ရာဆိုးရွားစွာ ခံစားခဲ့ရပြီးနောက် စက်တင်ဘာလ ၁၄ ရက်က စပိန်လာလီဂါ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသည့် ဗလင်စီယာအသင်း နှင့်ပွဲစဉ်တွင် ပါဝင်ကစားခဲ့ခြင်း မရှိသကဲ့သို့ ယခုအခါ နယူးကာဆယ်အသင်းနှင့်  ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်ကိုပါ ထပ်မံလွဲချော်ရမည်ဖြစ်သည်။

‌၎င်းသည် ယခင်ကတည်းက ပေါင်ခြံဒဏ်ရာအနည်း ငယ်ဖြစ်ပေါ်နေခဲ့သော်လည်း  ပြီးခဲ့သည့်နိုင်ငံတကာ ရက်သတ္တပတ်အတွင်း စပိန်လက်ရွေးစင်အသင်း၏ ကမ္ဘာ့ဖလားခြေစစ် ပွဲစဉ်များတွင် ပွဲထွက်ကစားသမားအဖြစ်  ပါဝင်ကစားပြီးနောက် အဆိုပါပေါင်ခြံဒဏ်ရာ မှာ စတင်ဆိုးရွားလာခြင်းဖြစ်သည်။

လူငယ်ကစားသမားယာမယ်၏  ဒဏ်ရာပြဿနာ အပေါ် ဘာစီလိုနာ အသင်းနည်းပြ ဖလစ်ခ်က  စပိန် လက်ရွေးစင်အသင်း နည်းပြ လူးဝစ်ဒီလာဖွန်တေးနှင့် အသင်းတာဝန်ရှိသူများ၏ ပေါ့ဆမှုအပေါ်  ဝေဖန်ပြော ကြားခဲ့သည်။

နည်းပြဖလစ်ခ်က   “ကျွန်တော်တို့ကစားသမား ယာမယ်က ဒဏ်ရာပြဿနာ အနည်းငယ်ဖြစ်ပေါ်နေတဲ့ကြားက နိုင်ငံအသင်းဆီ သွားရောက်ပူးပေါင်းခဲ့ရ တယ်။  သူ့မှာဒဏ်ရာရှိနေသားနဲ့ ကစားခဲ့ရပါတယ်။ စပိန်အသင်းမှာ    ကမ္ဘာ့အကောင်းဆုံး ကစားသမား တွေရှိကြပါတယ်။ အသင်းအနေနဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတွေကိုတော့  ဂရုစိုက်သင့်ပါတယ်” ဟု ပြောသည်။

‌လူငယ်ကစားသမား  ယာမယ်သည်     ပြီးခဲ့သည့် ဘောလုံးရာသီက ဘာစီလိုနာအသင်းတွင်   ၅၅  ပွဲ ကစားပြီး  ၁၈  ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၁ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး ယခုဘောလုံးရာသီ စပိန်လာလီဂါ သုံးပွဲပါဝင် ကစားထားပြီး သွင်းဂိုး နှစ်ဂိုးနှင့်ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်ထားကြောင်း သိရသည်။