ဝန်ထမ်းအားလုံးကို iPhone 17 Pro Max လက်ဆောင်ပေးတဲ့ တရုတ် သူဌေး
ဝန်ထမ်းအားလုံးကို iPhone 17 Pro Max လက်ဆောင်ပေးတဲ့ တရုတ် သူဌေး
================================
Apple က နောက်ဆုံးပေါ် iPhone 17 အသစ်စက်စက်တွေကို ကြေညာလိုက်တာနဲ့ တစ်ပြိုင်နက်၊ လူတော်တော်များများက ဒီဖုန်းကို ဘယ်လို ဝယ်ရမလဲ တွက်ချက်နေကြချိန်မှာ၊ တရုတ်မီဒီယာကုမ္ပဏီ Mediastorm က ဝန်ထမ်းတွေကတော့ “ကမ္ဘာ့အကောင်းဆုံး သူဌေး” ဆီက အိပ်မက်လို လက်ဆောင်တစ်ခုကို ရရှိခဲ့ပါတယ်။
သူတို့ရဲ့ CEO ဖြစ်တဲ့ Tim Pan က ကုမ္ပဏီဝန်ထမ်း “အားလုံးကို” အမြင့်ဆုံးမော်ဒယ်ဖြစ်တဲ့ iPhone 17 Pro Max တစ်လုံးစီ လက်ဆောင်ပေးမယ်လို့ ကြေညာလိုက်တာပါ။ ကယ်လီဖိုးနီးယားမှာ လုပ်တဲ့ Apple မိတ်ဆက်ပွဲကို တိုက်ရိုက်တက်ရောက်နေတဲ့ ဝန်ထမ်းတစ်ဦးက ဒီသတင်းကို ကြားကြားချင်း “ဒီနှစ်အတွက် အကောင်းဆုံးသတင်းပဲ” လို့ Xiaohongshu လူမှုကွန်ရက်မှာ ချက်ချင်း ရေးသားခဲ့ပြီး သူ့သူဌေးဟာ “ကမ္ဘာပေါ်မှာ တကယ်ပဲ အကောင်းဆုံး” ပါလို့ ဆိုခဲ့ပါတယ်။
ဒီလက်ဆောင် အစီအစဉ်ရဲ့ အရမ်းမိုက်တဲ့အချက်ကတော့ ရှိနှင့်ပြီးသား ဝန်ထမ်းမှန်သမျှ၊ “အလုပ်သင်” (Intern) ကနေ “ဝန်ထမ်းသစ်” အဆုံး အားလုံးကို လက်ဆောင်ပေးတာပါ။ ဝန်ထမ်းတိုင်း (စင်ကာပူဒေါ်လာ ၁,၉၀၀ နီးပါးတန်တဲ့) iPhone 17 Pro Max ကို ရမှာဖြစ်ပြီး၊ ပိုပြီး ရက်ရောတာကတော့ တရုတ်နိုင်ငံရဲ့ ဥပဒေအရ ဒီလက်ဆောင်တွေအတွက် ပေးဆောင်ရမယ့် အခွန်အခအားလုံးကိုလည်း ကုမ္ပဏီကပဲ အကုန် ကျခံပေးသွားမှာ ဖြစ်ပါတယ်။
ဒါဟာ Mediastorm ဝန်ထမ်းတွေအတွက် ပထမဆုံးအကြိမ် ကံထူးတာ မဟုတ်ဘဲ၊ မစ္စတာပန် လုပ်ဆောင်နေကျ နှစ်စဉ် ရက်ရောတဲ့ အစဉ်အလာတစ်ခု ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကလည်း ဝန်ထမ်း ၁၀၀ လောက်ကို iPhone 16 Pro တစ်လုံးစီနဲ့ Apple Watch Series 10 တစ်လုံးစီ ဝေငှပေးခဲ့ပြီး၊ အဲဒီတုန်းကလည်း အခွန်အားလုံးကို ကုမ္ပဏီကပဲ အပြည့်အဝ ပေးဆောင်ခဲ့ပါတယ်။
Ref : mustsharenews
#DigitalTimes