“၂၀၂၆-၂၇ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အက်သလက်တီကိုအသင်းရဲ့ကွင်းမှာ ကျင်းပမည်”
“၂၀၂၆-၂၇ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အက်သလက်တီကိုအသင်းရဲ့ကွင်းမှာ ကျင်းပမည်”
===============
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ၂၀၂၆-၂၇ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အက်သလက်တီကိုအသင်း ရဲ့ Riyadh Air Metropolitano ကွင်းမှာ ကျင်းပဖို့ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။
အဆိုပါ အက်သလက်တီကို အသင်း ကစားကွင်းကို ၂၀၁၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်တာကြောင့် (၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ လက်ခံကျင်းပခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
ထိုကွင်းမှာ ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လက်ခံကျင်းပခဲ့ဖူးပြီး လီဗာပူးလ် က စပါးကို ၂-၀ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။
၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ဗိုလ်လုပွဲကိုတော့ ဟန်ဂေရီ နိုင်ငံမှာ လက်ခံကျင်းပ သွားမှာ ဖြစ်ပြီး ၂၀၂၆-၂၇ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ၂၀၂၇ ခုနှစ် ဇွန်လ ၅ ရက်(စနေနေ့)မှာ ကျင်းပမယ်လို့လည်း သိရပါတယ်။