အူရီဒူးမြန်မာဆက်သွယ်ရေးကုမ္ပဏီ U9 အဖြစ် ပြောင်းလဲမိတ်ဆက်မည်
အူရီဒူးမြန်မာဆက်သွယ်ရေးကုမ္ပဏီ U9 အဖြစ် ပြောင်းလဲမိတ်ဆက်မည်
==========
ကာတာအခြေစိုက် Ooredoo လုပ်ငန်းခွဲကို စင်ကာပူနိုင်ငံ အခြေစိုက် NINE Communication Pte.Ltd မှ ဝယ်ယူလိုက်ကာ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့မှစကာ အူရီဒူးမြန်မာဟာ U9 အမည်သစ်သို့ တရားဝင် ကူးပြောင်းမှာဖြစ်ပါတယ်။
လာမယ့် ရက်သတ္တပတ်များအတွင်း လက်လီအရောင်းဆိုင်များ၊ ရုံးခန်းများနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများတွင် U9 ရဲ့ အသွင်အသစ်ကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
U9 အနေနဲ့ လက်ရှိဖုန်းနံပါတ်များနှင့် SIM ကတ်များကို ပြောင်းလဲမှုလုပ်မှာ မဟုတ်ပါဘူး။ ဝန်ဆောင်မှုစင်တာ ဖုန်းနံပါတ်များနှင့် ဆိုင်လိပ်စာများ အားလုံးလည်း ယခင်အတိုင်းပင် ဆက်လက်ရှိနေမှာဖြစ်ပါတယ်။
U9 မိတ်ဆက်ပွဲကို ဂုဏ်ပြုတဲ့အနေဖြင့် ၂ဝ၂၅ ခုနှစ် စက်တင်ဘာ ၂ဝ ရက်မှစ၍ သုံးစွဲသူများမှ 9999 အား “Hello U9 စာတိုပေးပို့ပါက 9GB အထိ အခမဲ့ဒေတာ ရရှိနိုင်မည်ဖြစ်ပါတယ်။