မန်ယူကွင်းလယ်လူဟောင်း အဲရစ်ဆင် ဝုဖ်ဘတ်အသင်းသို့ ပြောင်းရွှေ့

မန်ယူကွင်းလယ်လူဟောင်း အဲရစ်ဆင် ဝုဖ်ဘတ်အသင်းသို့ ပြောင်းရွှေ့

================================

ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ မန်ယူအသင်းကနေ ထွက်ခွာခဲ့ပြီးတဲ့နောက် ဝုဖ်ဘတ်အသင်းသိူ့ ပြောင်းရွှေ့ခဲ့ပါတယ်။ အသက်(၃၃)နှစ်အရွယ်ကစားသမားဟာ ဝုဖ်ဘတ်အသင်းနဲ့ ၂၀၂၇ခုနှစ်နွေရာသီအထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ မန်ယူအသင်းမှာ (၃)ရာသီကစားခဲ့ရာမှာ အဲရစ်ဆင်ဟာ (၁၀၇)ပွဲကစားပေးခဲ့ပြီး (၈)ဂိုးသွင်းယူခဲ့ကာ အသင်းနဲ့အတူ ၂၀၂၃မှာ ကာရာဘောင်းဖလားနဲ့ ၂၀၂၄ မှာ အက်ဖ်အေဖလား ဆွတ်ခူးခဲ့ပါတယ်။ အဲရစ်ဆင်ဟာ အရင်က ဘရန့်ဖို့ဒ်၊ အင်တာမီလန်၊ စပါးနဲ့ အေဂျက်ဇ်အသင်းတို့မှာ ကစားခဲ့ပြီး မန်ယူကနေ ထွက်ခွာလာချိန် မယ်လ်မိုအသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။