မြန်မာကိုယ်စားပြု ISPE အသင်း ပါဝင်တဲ့ အာရှအမျိုးသမီးချန်ပီယံဂ်မဲခွဲပွဲပြုလုပ်
မြန်မာကိုယ်စားပြု ISPE အသင်း ပါဝင်တဲ့ အာရှအမျိုးသမီးချန်ပီယံဂ်မဲခွဲပွဲပြုလုပ်
=========
အာရှအမျိုးသမီးချန်ပီယံလိဂ်မဲခွဲပွဲကို ယနေ့ (စက်တင်ဘာ ၁၁)ရက်နေ့က ကျင်းပခဲ့ရာ မြန်မာကိုယ်စားပြုISPE အသင်း အင်အားကြီးနိုင်ငံကလပ်အသင်းများနှင့် တွေ့ဆုံနေသည်။
ISPE အသင်းသည် တောင်ကိုရီးယား၊ ဂျပန်၊ မြောက်ကိုရီးယားအခြေစိုက်ကလပ်အသင်းများနှင့် အတူ တအုပ်စုတည်းကျရောက်ခဲ့ခြင်း ဖြစ်သည်။
ပွဲစဉ်များကိုမူ ISPE အမျိုးသမီးအသင်းက ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ အိမ်ရှင်အဖြစ် နိုဝင်ဘာလ (၉)ရက်မှ (၁၅)ရက်အထိ လက်ခံကစားရမည် ဖြစ်သည်။
ISPE အမျိုးသမီးအသင်းသည် အုပ်စုပွဲစဉ်များတွင် တောင်ကိုရီးယားကလပ် Suwon FC အသင်း၊ ဂျပန်ကလပ် Tokyo Verdy Beleza FC အသင်း၊မြောက်ကိုရီးယားကလပ် Naegohyang FC အသင်းတို့နှင့်ယှဉ်ပြိုင်ရမည်လည်းဖြစ်သည်။