လူ့ဝင်မှုကြီးကြပ်ရေးအတွက် ချီကာဂိုမြို့ကို စစ်ဆင်ရေးဝင်မည်ဟု ထရမ့်သတိပေး
လူ့ဝင်မှုကြီးကြပ်ရေးအတွက် ချီကာဂိုမြို့ကို စစ်ဆင်ရေးဝင်မည်ဟု ထရမ့်သတိပေး
===============
(နိုင်ငံတကာ) စက်တင်ဘာ ၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က လူဝင်မှုကြီးကြပ်ရေးအတွက် ချီကာဂိုမြို့ကို စစ်ဆင်ရေးဝင်မည် ဖြစ် ကြောင်းနှင့် ထိုသို့ စစ်ဆင်ရေးဝင်ရန် ဗဟိုတပ်ဖွဲ့ဝင်များကို ဖြန့်ကြက် သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။
အစိုးရအနေဖြင့် ချီကာဂိုမြို့ကို လူဝင်မှုကြီးကြပ်ရေး အတွက် စစ်ဆင်ရေးဝင်နိုင်စေရန် ကာကွယ်ရေး ဝန်ကြီးဌာနကို စစ်ပွဲဝန်ကြီးဌာနဟု အမည်ပြောင်း လိုက်ခြင်းဖြစ်ကြောင်း ထရမ့် က ဆက်ပြောသည်။
ဒေါ်နယ်ထရမ့် သည် ဒီမိုကရက်တစ် ပါတီဝင်များ ကြီးစိုးသော လော့အိန်ဂျလိစ်မြို့ကိုလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆင်ရေးဝင်ကာ ခိုး ဝင် နေထိုင်သူများနှင့် နေထိုင်ခွင့်သက်တမ်းလွန် နေထိုင်သူများကို ဖမ်းဆီးပြီး ပြည်နှင်ဒဏ်များပေး ပြီးနောက် ဆက်လက်၍ ချီကာဂိုမြို့ကို အလားတူ စစ်ဆင်ရေးလုပ်ဆောင်ရန် စီစဉ်လာခြင်း ဖြစ်သည်။
ဒေါ်နယ်ထရမ့်က ၎င်း၏ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လူမှုကွန်ရက်တွင်တင်ပြီးနောက် ချီကာ ဂိုမြို့တည်ရှိရာ အီလီနွိုက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျေဘီပရစ်ကာ က သမ္မတသည် အမေရိကန်မြို့ကြီး တစ်မြို့ကို စစ်ဆင်နွှဲရန် ခြိမ်းခြောက်နေခြင်း ဖြစ်ကြောင်း၊ အီလီနွိုက်ပြည်နယ်အနေဖြင့် အာဏာရှင်ဖြစ်ချင်နေသူတစ်ဦး၏ ဆန္ဒအတိုင်း လိုက်လျောမည်မဟုတ်ကြောင်း လူမှုကွန်ရက်တွင် ရေးထားသည်။
ထရမ့်သည် ၎င်းသာ သမ္မတဖြစ်လာပါက နိုင်ငံ အတွင်းရှိ တရားမဝင်နေထိုင်သူများကို ရှာဖွေ ဖမ်းဆီးမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကတိပေးထားသည်ဟု RT သတင်း ဌာနဖော်ပြချက်အရ သိရသည်။