မန်ယူဂိုးသမား အိုနာနာ တူရကီကလပ်အသင်းသို့ အငှားနဲ့ ပြောင်းရွှေ့မယ်

မန်ယူဂိုးသမား အိုနာနာ တူရကီကလပ်အသင်းသို့ အငှားနဲ့ ပြောင်းရွှေ့မယ်

===========

မန်ယူအသင်းရဲ့ ဂိုးသမား အိုနာနာဟာ တူရကီကလပ် ထရက်ဇွန်စပေါ်အသင်းထံ တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

 

မန်ယူအသင်းဟာ အိုနာနာကို ၂၀၂၃ နွေရာသီမှာ အင်တာမီလန်အသင်းဆီကနေ ကနဦးပြောင်းရွှေ့ကြေး ပေါင်(၄၃.၈)သန်း+ Add-ons ကြေး ပေါင်(၃.၄)သန်းနဲ့ ခေါ်ယူပြီး (၅)နှစ်စာချုပ် ချုပ်ဆိုထားတာပါ။

 

ဒါပေမဲ့ အမှားအယွင်းတွေများပြားပြီး မျှော်မှန်းထားသလောက် အားကိုးရခြင်းမရှိတာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အခုလို အငှားချခံခဲ့ရတာပါ။

 

မန်ယူအသင်းဟာ ဘယ်လ်ဂျီယံဂိုးသမား လမ်မန်းစ်ကို ခေါ်ယူခဲ့ပြီးတဲ့နောက် ကင်မရွန်းဂိုးသမား အိုနာနာကို အငှားချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အပြီးသတ်ရောင်းချမယ့် သဘောတူညီမှုတော့ မပါဝင်ဘူးလို့ သိရပါတယ်။

 

အိုနာနာဟာ ထရက်ဇွန်စပေါ်အသင်းမှာ မန်ယူမှာ ရရှိနေတဲ့လစာရဲ့ နှစ်ဆ ရရှိသွားမှာဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် ဖီနာဘာချီနဲ့ပွဲမှာ စတင်ပွဲထွက်ကစားရဖွယ်ရှိကြောင်း သိရပါတယ်။

 

Photos: X