မက်ဂွိုင်းရားကို ခေါ်ယူဖို့ ကမ်းလှမ်းနေတဲ့ ဆော်ဒီကလပ်
မက်ဂွိုင်းရားကို ခေါ်ယူဖို့ ကမ်းလှမ်းနေတဲ့ ဆော်ဒီကလပ်
===========
ဆော်ဒီကလပ်အသင်းနှစ်သင်းဟာ မန်ယူအသင်းရဲ့ အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းရားကို ခေါ်ယူဖို့ ကမ်းလှမ်းမှုပြုလုပ်ထားကြောင်း သိရပါတယ်။
မက်ဂွိုင်းရား(၃၂ နှစ်)ဟာ မန်ယူအသင်းက ရောင်းထုတ်ဖွယ်ရှိတဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း သတင်းထွက်ခဲ့ဖူးသူဖြစ်တာကြောင့် ဆော်ဒီကလပ်တွေက ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့စျေးကွက်က ပိတ်သိမ်းသွားပြီဖြစ်ပေမဲ့ ဆော်ဒီပရိုလိဂ်ကတော့ စက်တင်ဘာ(၂၃)မှာမှ ပိတ်သိမ်းမှာဖြစ်တာကြောင့် ဥရောပက ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရပါတယ်။
မန်ယူအသင်းအနေနဲ့ မက်ဂွိုင်းရားကို လာမယ့်နွေရာသီမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ လက်လွှတ်ရဖွယ်ရှိနေပေမဲ့ လက်ရှိအချိန်မှာ နည်းပြ အာမိုရင်မ်အတွက် အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်နေတာကြောင့် ရောင်းထုတ်ဖွယ်မရှိကြောင်း သိရပါတယ်။
ဒီနွေမှာ မက်ဂွိုင်းရားကို ခေါ်ယူဖို့စီးရီးအေကလပ်တစ်သင်းနဲ့ ပရီးမီးယားလိဂ်ကလပ်တစ်သင်းရဲ့ ကမ်းလှမ်းမှုတွေကိုလည်း မန်ယူအသင်းက ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
Photos: Getty Images