နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် မက်ဆီ နှစ်ဂိုးသွင်း

နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် မက်ဆီ နှစ်ဂိုးသွင်း

==============

အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီဟာ ကစားသမားဘဝ နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နှစ်ဂိုးသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ကြောင်း သိရပါတယ်။

 

ဗင်နီဇွဲလားအသင်းနဲ့ ဒီနေ့မနက် ယှဉ်ပြိုင်ကစားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲဟာ မက်ဆီအတွက် နောက်ဆုံးယှဉ်ပြိုင်ကစားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဖြစ်သလို၊ အာဂျင်တီးနားမြေမှာ ယှဉ်ပြိုင်ကစားတဲ့ နောက်ဆုံးသော ပြိုင်ပွဲအဆင့် ပွဲစဉ်တစ်ပွဲဖြစ်ကြောင်း သိရပါတယ်။

 

ဘာကြောင့်လဲဆိုတော့ မက်ဆီက လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အနားယူတော့မှာဖြစ်ပြီး အာဂျင်တီးနားမြေမှာလည်း ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ခြေစမ်းပွဲသာ ယှဉ်ပြိုင်ကစားဖို့ ရှိတော့တာကြောင့်ဖြစ်ပါတယ်။

 

ဒါကြောင့် အာဂျင်တီးနားပရိသတ်တွေက ဗင်နီဇွဲလားနဲ့ပွဲမှာ မက်ဆီကို ဂုဏ်ပြုကြောင်း စာတန်းတွေ၊ ရုပ်ပုံတွေနဲ့ ပြသခဲ့ကြပြီး (၃-၀)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ မက်ဆီကလည်း နှစ်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

 

မက်ဆီအနေနဲ့ အခုလို နှစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ သွင်းယူနိုင်တဲ့ဂိုးပေါင်း (၃၆)ဂိုးရှိသွားခဲ့ပြီး စီရော်နယ်လ်ဒိုရဲ့ အရေအတွက်ကို လိုက်မီသွားခဲ့သလို၊ ၂၀၀၆ ခုနှစ်ကစပြီး အာဂျင်တီးနားအသင်းအတွက် နှစ်တိုင်း ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

 

Photos: X