ဇာလန်စကီ ကို မော်စကိုမြို့၌ လက်ခံတွေ့ဆုံ ရန် ပူတင် အသင့်ရှိဟုဆို

ဇာလန်စကီ ကို မော်စကိုမြို့၌ လက်ခံတွေ့ဆုံ ရန် ပူတင် အသင့်ရှိဟုဆို

============

ရုရှားသမ္မတ ဗလာဒီမာပူတင် က ယူကရိန်းသမ္မတ ဗို လိုဒိုမာ ဇာလန်စကီ ကို ရုရှားနိုင်ငံ မော်စကိုမြို့၌ လက်ခံ တွေ့ဆုံသွားရန် အသင့်ရှိကြောင်း၊ သို့သော် အဆိုပါတွေ့ဆုံမှုသည် ကောင်းစွာကြိုတင်ပြင်ဆင်မှု ရှိရမည်ဖြစ်သည့် အပြင် အပြုသဘောဆောင်သော ရလဒ်များထွက်ပေါ်လာစေနိုင်ရေး ဦးတည်ရမည် ဖြစ်ကြောင်း ပြောထားသည်။

ရုရှား သမ္မတ ဗလာဒီမာပူတင် သည် တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ် ပေကျင်းမြို့ရှိ ဧည့်ဂေဟာ၌ စက်တင်ဘာလ ၃ ရက်တွင် ဆောင်ရွက်သော သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့မှတ်ချက်ပြုပြော ခြင်း ဖြစ်သည်။

ရုရှားသမ္မတနှင့် အမေရိကန်သမ္မတတို့ အလက်စကာ မြို့၌တွေ့ဆုံစဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပူတင် ကို ဇာလန်စကီ နှင့် တွေ့ဆုံဆွေးနွေးမှုလုပ် ရန် တောင်းဆိုကြောင်း၊ ထိုတောင်းဆိုမှုနှင့်ပတ်သက်၍ ဇာလန်စကီ သာ အသင့်ဖြစ်ပါက မော်စ ကိုမြို့သို့ လာရောက်ကာ ဆွေးနွေးမှုများလုပ်ဆောင် နိုင်သည်ဟု ထရမ့်ကို ပြောလိုက်ကြောင်း ပူတင် က ပြောထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။