အောင်လအန်ဆန်နှင့် ဆွီဒင်ဖိုက်တာ ကာဒက်စတန်တို့ မစ်ဒယ်ဝိတ်တန်းတွင် ယှဉ်ပြိုင်မည်

အောင်လအန်ဆန်နှင့် ဆွီဒင်ဖိုက်တာ ကာဒက်စတန်တို့ မစ်ဒယ်ဝိတ်တန်းတွင် ယှဉ်ပြိုင်မည်

========

လာမည့် အောက်တိုဘာ(၃)ရက်၌ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် One Fight Night- 36 ပွဲစဉ်အတွင်းမြန်မာ့အချစ်တော် MMA ဖို-က်တာ အောင်လအန်ဆန်နှင့် ဆွီဒင်ဖို-က်တာ ကာဒက်စတန်တို့ မစ်ဒယ်ဝိတ်တန်းတွင် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဟု ONE Championship က တရားဝင် အသိပေးလာသည်။

 

အဆိုပါ ပွဲစဉ်သည် အောင်လအန်ဆန်နှင့် One Champion ship တို့ ချုပ်ဆိုထားသည့် စာချုပ်အရ အောင်လအန်ဆန်၏ ပရော်ဖက်နယ်ဖိုက်တာဘဝ နောက်ဆုံးပွဲစဥ် ဖြစ်လာဖွယ်ရှိနေသည်ဟု သုံးသပ်နေကြသည်။

 

အောင်လအန်ဆန်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၀) ရက်က ကာတာနိုင်ငံတွင် တူရကီဖိုက်တာ အာဒိုဂန်နှင့် ထိုးသ-တ်ရာ အလဲထိုးဖြင့် ရှုံးနိမ့်ထားသည်။

 

အသက်(၃၉)နှစ်အရွယ် အောင်လအန်ဆန်သည် MMA ပြို င်ပွဲ (၄၄)ပွဲ ထိုးသ-တ်ထားရာ ပွဲ (၃၀)နိုင် ၊ (၁၄)ပွဲ ရှုံးနိမ့်ထားပြီး ပြိုင်ဘက် ကာဒက်စတန်သည် အသက် (၃၄) နှစ်အရွယ် ရှိပြီဖြစ်ပြီး MMA ပြိုင်ပွဲ (၂၂ )ပွဲထိုးသ-တ်ရာ (၁၅) ပွဲနိုင် ၊ (၇) ပွဲရှုံးနိမ့်ထားသည်။