ဝန်ကြီးချုပ်ပေထုန် ရာထူးမှ ဖယ်ရှားခံရ
ဝန်ကြီးချုပ်ပေထုန် ရာထူးမှ ဖယ်ရှားခံရ
======================
ထိုင်းဝန်ကြီးချုပ်ဟောင်း ပေထုန်ရှင်နာဝပ်ထ်ကို အခြေခံဥပဒေခုံရုံးက အပြစ်ရှိတယ်လို့ဆုံးဖြတ်လိုက်တာကြောင့် ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားခံလိုက်ရတယ်လို့ သိရပါတယ်။
ပေထုန်ရှင်နာဝပ်ထ်နဲ့ ဟွန်ဆင်တို့ ဖုန်းပြောဆိုထားတဲ့ အသံဖိုင်ပေါက်ကြားမှုဟာ ထိုင်းနိုင်ငံကို ထိခိုက်မှုဖြစ်စေခဲ့တယ်လို့ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အခြေခံဥပဒေခုံရုံးက ဒီနေ့ နောက်ဆုံးကြားနာမှုအပြီးမှာပဲ အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ပါ။
ဝန်ကြီးချုပ်ဟောင်း ပေထုန်ရှင်နာဝပ်ထ်နဲ့အတူ အစိုးရအဖွဲ့ဝင်တွေလည်း ရာထူးကနေဖယ်ရှားခံလိုက်ရတယ်လို့ သိရပါတယ်။