ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ရှိ မိတ်ဆွေများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ရှိ မိတ်ဆွေများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ
====================
ပေါက်ခေါင်း ဩဂုတ် ၂၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်းရေးမှူးဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ပါတီဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့်၊ တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးအောင်ချိုဦးတို့နှင့်အတူ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် ပေါက်ခေါင်းမြို့၌ မိတ်ဆွေများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဥက္ကဌသည် တက်ရောက်လာကြသူများနှင့် တိုင်းဒေသကြီးအတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ၊ ဒေသ၏ လိုအပ်ချက်များ ၊ ဒေသဖွံ့ဖြိုးရေးကိစ္စများ နှင့် ရွေးကောက်ပွဲအောင်မြင်စွာပြီးမြောက်ရေးဆိုင်ရာများအား ပြည်သူလူထု နှင့်လက်တွဲပူးပေါင်းဆောင်ရွက်ရေး ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။