ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၊ ဒုတိယဥက္ကဌ ဦးမျိုးဇော်သိမ်း ပေါက်ခေါင်းမြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၊ ဒုတိယဥက္ကဌ ဦးမျိုးဇော်သိမ်း ပေါက်ခေါင်းမြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ
================
ပေါက်ခေါင်း ဩဂုတ် ၂၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်းရေးမှူးဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ပါတီဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့်၊ ပဲခူးတိုင်းဒေသကြီး( အနောက်ပိုင်း)ပါတီဥက္ကဌ ဦးအောင်ချိုဦးတို့နှင့်အတူ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ရက်နေ့ မနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ပါတီကော်မတီဝင်များ ၊ ရပ်ကျေးစည်းရုံးရေးမှူးများ၊ ပါတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဒုတိယဥက္ကဌနှင့် တက်ရောက်လာကြသူများသည် ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုခဲ့ပါသည်။ ထို့နောက် ဒုတိယဥက္ကဌမှ တက်ရောက်လာကြသူများအား လာမည့်ရွေးကောက်ပွဲတွင်အနိုင်ရရှိရေးအတွက် လိုအပ်သည်များပြင်ဆင်ဆောင်ရွက်ထားရှိနိုင်ရေး၊ ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များတွင်လည်း စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းဆောင်ရွက်ကြရန်မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဥက္ကဌသည် တက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များအား ဖြည့်စွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။