ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ Cambodia People’s Party နှင့် MOU လက်မှတ်ရေးထိုးပြီး ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိ
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ Cambodia People’s Party နှင့် MOU လက်မှတ်ရေးထိုးပြီး ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိ
===========
ရန်ကုန်၊ဩဂုတ် -၂၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ Cambodia People’s Party ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှင့် Cambodia People’s Party တို့ကြား နှစ်နိုင်ငံ ပါတီချင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်(MOU) လက်မှတ် ရေးထိုးပြီး ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ကြရာ ၂၉-၈-၂၀၂၅ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်ကိုကိုနှင့် အဖွဲ့ဝင် (၁)ဦးပါဝင်ပြီး ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တိုင်းကော်မတီဝင်များဖြစ်ကြသော ဦးခင်မောင်တင့်၊ ဦးနေဝင်းနှင့် ဒေါက်တာထွန်းထွန်းဝင်းတို့မှ လေဆိပ်တွင် ကြိုဆိုခဲ့ကြပါသည်။