ပါတီဗဟိုအလုပ်အမှုဆောင်ဒေါက်တာအောင်မြတ်ဦး ကချင်ပြည်နယ်၊ခရိုင်၊မြို့နယ်၊ရပ်ကျေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
ပါတီဗဟိုအလုပ်အမှုဆောင်ဒေါက်တာအောင်မြတ်ဦး ကချင်ပြည်နယ်၊ခရိုင်၊မြို့နယ်၊ရပ်ကျေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
========================
မြစ်ကြီးနား ဩဂုတ် ၃၁
ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ပါတီဗဟိုအလုပ်အမှုဆောင် လူငယ်တာ၀န်ခံ ဒေါက်တာအောင်မြတ်ဦး နှင့် ပြည်နယ်၊ခရိုင်၊မြို့နယ်၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ စည်းရုံးရေးမှူးများတွေ့ဆုံ၍လုပ် ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။
ယနေ့အစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာ အောင်မြတ်ဦး၊ကချင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံးနှင့်ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ပါတီဥက္ကဋ္ဌများနှင့်ကော်မတီဝင်များ၊မြို့နယ်အတွင်းရှိ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့်စည်းရုံးရေးမှူးများစုစုပေါင်းအင်အား (၇၅)ဦး တက်ရောက်ခဲ့ပါသည်။
လုပ်ငန်းညှိ နှိုင်းအစည်း အဝေးအား နိုင်ငံတော်အလံလေးပြုကာ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီးကချင် ပြည်နယ် ပါတီဥက္ကဋ္ဌ
ဦးရာ၀မ်ဂျုံးမှ ပြည်နယ်ပါတီ၏ ပါတီအောင်နိုင်ရေးအတွက် ရေးရာအလိုက်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်အတူရွေး ကောက်ပွဲ
အောင်နိူင်ရေးအတွက် အဖွဲ့ခွဲ၍ နယ် မြေအတွင်း ကွင်းဆင်းစည်းရုံး ဆောင်ရွက်သွားရမည့်အစီအစဉ်များကိုတင်ပြဆွေးနွေးခဲ့ပါသည်။
ယင်းနောက်ပါတီဗဟိုအလုပ် အမှုဆောင် လူငယ်တာ၀န်ခံဒေါက်တာအောင်မြတ်ဦးမှရွေးကောက်ပွဲ ကျင်း ပမည့်ရက် နီးကပ်လာပြီဖြစ်၍ အားလုံးကြိုးစားဆောင်ရွက်ကြရန်၊အောင်နိူင်ရေးဆောင်ရွက်ရာတွင် နိူင်ကိုနိူင်ရမည်ဟူသော အောင်နိူင်လိုစိတ်ဖြင့် ကြိုးစားဆောင်ရွက်ကြရန်၊နယ်မြေဒေအခြေအနေအရ ဆောင်ရွက်၍ရသော အောင်နိူင်ရေးလုပ်ငန်းစဥ်များအား ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။
၎င်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသော ခရိုင် / မြို့နယ်၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌ များမှ ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပြီးဒေါက်တာအောင်မြတ်ဦး မှနိဂုံးချုပ်အမှာစကားပြောကြားကာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးအား ရုပ်သိမ်းခဲ့ပါသည်။