ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ Cambodia People’s Party နှင့် MOU ရေးထိုးရန် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ Cambodia People’s Party နှင့် MOU ရေးထိုးရန် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်
===========
ရန်ကုန်၊ဩဂုတ် -၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲသည် ကမ္ဘောဒီးယာနိုင်ငံ Cambodia People’s Party ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ နှင့် Cambodia People’s Party နှစ်ပါတီပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ MOU ရေးထိုးရေးအတွက် ၂၇-၈-၂၀၂၅ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရောက်ခဲ့ပါသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်ကိုကိုနှင့် အဖွဲဝင် (၁)ဦးပါဝင်ပြီး ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တိုင်းကော်မတီဝင်များဖြစ်ကြသော ဦးခင်မောင်တင့်၊ ဦးနေဝင်းနှင့် ဒေါက်တာထွန်းထွန်းဝင်းတိုမှ လေဆိပ်သို ပိုဆောင်နှုတ်ဆက်ခဲ့ပါသည်။