ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့်နှင့် တိုင်းပါတီဥက္ကဋ္ဌ မုံရွာမြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံဆွေးနွေး
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့်နှင့် တိုင်းပါတီဥက္ကဋ္ဌ မုံရွာမြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံဆွေးနွေး
=========================-===
မုံရွာ ဩဂုတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးတင့်လှိုင်မြင့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးမင်းမင်းမင်းဇေယျာမြင့်တို့သည်မုံရွာမြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌ များနှင့်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပါတီဗဟိုအလုပ်အမှုဆောင်ဦးတင့်လှိုင်မြင့်မှ (၂၀၂၅)အထွေထွေရွေးကောက်ပွဲဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌမှ စည်းရုံးရေးလုပ်ငန်းစဥ်များနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာသည့် ရပ်ကျေးပါတီ ဥက္ကဋ္ဌများမှရွေးကောက်ပွဲ နှင့် ပတ်သက်၍ဆွေးနွေးအကြံပြုချက်များအပေါ်
ဗဟိုအလုပ်အမှုဆောင်နှင့်တိုင်းပါတီဥက္ကဋ္ဌတို့မှ ပြန်လည် အကြံပြုဆွေးနွေးခဲ့ပါသည်။