တံ​​ကောက်ကြောဒဏ်ရာကြောင့် (၄)ပတ်ခန့်နားရဖွယ်ရှိနေတဲ့ ဆာကာ

တံ​​ကောက်ကြောဒဏ်ရာကြောင့် (၄)ပတ်ခန့်နားရဖွယ်ရှိနေတဲ့ ဆာကာ

===========================

အာဆင်နယ်တောင်ပံကစားသမားဆာကာဟာ လိဒ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် (၄)ပတ်ခန့်နားရဖွယ်ရှိပါတယ်။ ဒါကြောင့် ဆာကာဟာ တနင်္ဂနွေနေ့မှာ လီဗာပူးနဲ့ကစားမယ့်ပွဲအပြင် လာမယ့်လမှာ အန်ဒိုရာ၊ ဆားဘီးယားတို့နဲ့ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲကိုလည်း လွဲချော်မှာဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ကလည်း လိဒ်နဲ့ပွဲမှာပဲ ပခုံးဒဏ်ရာရရှိခဲ့တာကြောင့် အန်ဖီးလ်မှာ လီဗာပူးနဲ့ပွဲကို လွဲချော်ဖွယ်ရှိပါတယ်။ ဆာကာဟာ ပြီးခဲ့တဲ့ရာသီကလည်း တံကောက်ကြောဒဏ်ရာကြောင့် (၃)လလောက်နားခဲ့ရပါသေးတယ်။ ဆာကာ ကာလရှည်နားရမှာဖြစ်ပေမယ့် ဒီရာသီအာဆင်နယ်အသင်းမှာ တိုက်စစ်ပိုင်းအရည်အသွေးကောင်းတဲ့ ကစားသမားတွေရှိပါတယ်။ အာဆင်နယ်အသင်းဟာ အခုနွေရာသီမှာ ယိုကီရက်စ်၊ မာဒူကီနဲ့ အက်ဇီးတို့ကို ခေါ်ယူထားပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းမှာ မာတင်နယ်လီ၊ ထရော့ဆက်၊ ဝန်နရီနဲ့ မက်ဒေါမန်တို့ရှိနေတာကြောင့် ဆာကာနဲ့ အိုဒီဂတ်တို့မပါနိုင်တဲ့ပွဲတွေမှာ အစားထိုးနိုင်မှာဖြစ်ပါတယ်။