လူငယ်ပါတီဝင်အသစ်များ၏ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီလူငယ်တာဝန်ခံများတက်ရောက်
လူငယ်ပါတီဝင်အသစ်များ၏ပါတီဝင်အဆိုပြုလွှာ
ပေးအပ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီလူငယ်တာဝန်ခံများတက်ရောက်
===================================
မော်လမြိုင် ဩဂုတ် ၂၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
လူငယ်တာဝန်ခံများဖြစ်ကြသည့် ဗဟိုအလုပ်အမှု
ဆောင်ဒေါက်တာအောင်မြတ်ဦး၊ဗဟိုအလုပ်အမှု
ဒေါ်သိင်္ဂီဝင်းရွှေတို့သည်(၂၀.၈.၂၀၂၅)ရက်နေ့မွန်းလွဲ (၁၃၀၀)နာရီအချိန်တွင်မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သောလူငယ်ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် လူငယ်ပါတီဝင်သစ်(၂၅၆)ဦး အတွက် ပါတီဝင်အဆိုပြုလွှာ(၂၅၆)စောင်အား
ပြည်နယ် တွဲဖက် လူငယ်ရေးရာတာဝန်ခံ ဦးထိန်လင်းမှ ပေးအပ် ခဲ့ရာ ဗဟိုအလုပ်အမှုဆောင်
ဒေါ်သိင်္ဂီဝင်းရွှေ မှ လက်ခံရယူပေးခဲ့ပါသည်။
ဆက်လက်၍
ဗဟိုအလုပ်အမှုဆောင်လူငယ်တာဝန်ခံ
ဒေါက်တာအောင်မြတ်ဦးမှလူငယ်နှင့်
ပတ်သက်သည့် ကိစ္စရပ်များ၊ ဗဟိုအလုပ်အမှု
ဆောင်ဒေါ်သိင်္ဂီဝင်းရွှေ မှ ဗဟိုမှဆောင်ရွက် နေ
သည့် လူငယ်ရေးရာဆောင်ရွက်ချက်များ ၊ ပါတီအောင်နိုင်ရေးနှင့် လူငယ်များအခန်းကဏ္ဍကိုဆွေးနွေးခဲ့ပြီးအခမ်းအနားသို့လူငယ်(၁၅၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။