မြန်မာအမျိုးသမီးအသင်း ဂုဏ်ပြုဆုငွေဒေါ်လာ၈၀၀၀၀နှင့် ကျပ်သိန်း၅၂၃၀ရရှိ

မြန်မာအမျိုးသမီးအသင်း ဂုဏ်ပြုဆုငွေဒေါ်လာ၈၀၀၀၀နှင့် ကျပ်သိန်း၅၂၃၀ရရှိ

=============

အာဆီယံအမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲမှာ ဒုတိယဆုရရှိခဲ့တဲ့ မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းကို ဂုဏ်ပြုတဲ့အခမ်းအနားကို ဩဂုတ်၂၄ရက်၊ ညပိုင်းက ရန်ကုန်မြို့ရှိ နိုဗိုတယ် ရန်ကုန် မက်စ်ဟိုတယ်မှာ ကျင်းပခဲ့ပြီး ဂုဏ်ပြုဆုငွေ အမေရိကန်ဒေါ်လာ၈၀၀၀၀နဲ့ ငွေကျပ်သိန်း၅၂၃၀ရရှိသွားတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

 

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာအမျိုးသမီးအသင်းကို ပေးအပ်ချီးမြှင့်တဲ့ ဂုဏ်ပြုဆုငွေ အမေရိကန်ဒေါ်လာ ၈၀၀၀၀ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phangနော်တောင်က ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက ကျပ်သိန်း၂၅၀၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်က ကျပ်သိန်း၃၀၀၀ အပါအဝင် ဘောလုံးကလပ်အသင်းပိုင်ရှင်တွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက စုစုပေါင်း ကျပ်သိန်း ၅၂၃၀ ချီးမြှင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

မြန်မာအမျိုးသမီးအသင်းဟာ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဩစတြေးလျအမျိုးသမီးယူ-၂၃အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီး ဒုတိယဆုရရှိခဲ့တာပါ။

 

ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းကဂိုးသမားမျိုးမြမြငြိမ်းက အကောင်းဆုံးဂိုးသမားဆုရရှိခဲ့သလို တိုက်စစ်မှူးဝင်းသိင်္ဂီထွန်းကလည်း သွင်းဂိုးအများဆုရရှိခဲ့ပါတယ်။

Photo-MFF