ပြည်ခိုင်ဖြိုးပါတီလူငယ်ရေးရာတာဝန်ခံများနှင့် မွန်ပြည်နယ် ပြည်နယ်၊ခရိုင်၊မြို့နယ်လူငယ်တာဝန်ခံများ လူငယ်ကဏ္ဍအစည်းအဝေးပြုလုပ်

ပြည်ခိုင်ဖြိုးပါတီလူငယ်ရေးရာတာဝန်ခံများနှင့်

မွန်ပြည်နယ် ပြည်နယ်၊ခရိုင်၊မြို့နယ်လူငယ်တာဝန်ခံများ လူငယ်ကဏ္ဍအစည်းအဝေးပြုလုပ်

============================

မော်လမြိုင် ဩဂုတ် ၂၀

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ

လူငယ်တာဝန်ခံများဖြစ်ကြသည့်ဗဟိုအလုပ်အမှုဆောင်ဒေါက်တာအောင်မြတ်ဦး၊ဗဟို

အလုပ်အမှုဆောင်ဒေါ်သိင်္ဂီဝင်းရွှေတို့သည်

(၂၀.၈.၂၀၂၅)ရက်နေ့ နံနက်(၀၉၀၀)နာရီအချိန်က မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး ခန်းမတွင် ပြည်နယ်၊ခရိုင်၊ မြို့နယ် ဥက္ကဋ္ဌ ၊ အတွင်းရေးမှူး ၊ လူငယ်တာဝန်ခံများ နှင့် တွေ့ဆုံ၍လူငယ်ကဏ္ဍနှင့်ပတ်သက်၍အစည်းအဝေးပြုလုပ်ခဲ့ရာ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ပါသည်။

 

အဆိုပါအစည်းအဝေးတွင်တွင်

ဗဟိုအလုပ်အမှုဆောင်ဒေါက်တာအောင်မြတ်ဦးမှ လူငယ်နှင့်ပတ်သက် သည့် ရှေ့ဆက်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ဗဟိုအလုပ်အမှုဆောင်ဒေါ်သိင်္ဂီဝင်းရွှေ မှ ပါတီဌာနချုပ်မှဆောင်ရွက် နေသည့် လူငယ်ရေးရာဆောင်ရွက် ချက်များနှင့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လူငယ်များအခန်းကဏ္ဍကို

ရှင်းလင်းခဲ့ပြီး ပြည်နယ်/ ခရိုင်/မြို့နယ် ဥက္ကဋ္ဌများမှ လူငယ်ကဏ္ဍ ဆောင်ရွက်မှုအခြေအနေများ အားတင်ပြဆွေးနွေးခဲ့ကြပါသည်။

 

တင်ပြမှုများအပေါ်

ဗဟိုအလုပ်အမှုဆောင်၊လူငယ်တာဝန်ခံများမှ

ပြန်လည်သုံးသပ်ဆွေးနွေးကာ အစည်းအဝေး ကို နေ့လည်(၁၂၀၀)နာရီတွင်ရပ်နားခဲ့ပါသည်။