အများပြည်သူသုံးစွဲရန်မသင့်သည့် တိုင်းရင်းဆေးဝါး ၂၆ မျိုးကို ကြေညာ
အများပြည်သူသုံးစွဲရန်မသင့်သည့် တိုင်းရင်းဆေးဝါး ၂၆ မျိုးကို ကြေညာ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းဆေးဝါးများကို ဘေးကင်းစွာဖြင့် အများပြည်သူသုံးစွဲနိုင်ရန် စစ်ဆေး လျက်ရှိပြီး ဈေးကွက်အတွင်း မှတ်ပုံတင်ထားခြင်းမရှိဘဲ ဆေးမေတ္တာအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိသည့် ဆေး ၂၆ မျိုးကိုတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၀ ရက်တွင် အသိပေးထားပါတယ်။
အဆိုပါ ဆေးဝါး ၂၆ မျိုးမှာ မှတ်ပုံတင်ထားမှုမရှိခြင်းကြောင့် ဆေးဝါးစစ်မှန်အစွမ်းထက်မှုကို အာမခံချက် မပေးနိုင်၍ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း အသိပေးထားပါတယ်။
ဆေးဝါးများ၌ ဆေးလုံး၊ ဆေးအနှစ်၊ ဆေးရည်၊ ဆေးမှုန့် ပုံစံမျိုးစုံဖြင့် ထုတ်လုပ်ထားကာ ယားနာ၊ အာရုံကြော၊ အဆုတ် စတဲ့ ရောဂါများအတွက်ဖြစ်ပြီး ဖြန့်ချိရေးဌာန အနေဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှဖြစ်ကြောင်း ဖော်ပြထားရှိပါတယ်။
ဒါကြောင့် ပြည်သူများအနေဖြင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများကို ဝယ်ယူသုံးစွဲခြင်းမပြုကြရန်၊ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တရားစွဲဆိုအရေးယူမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။