တောင်ကိုရီးယားနှင့်အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးစတင်ပြီးနောက် တက်ကြွလှုပ်ရှားသူများက ထိုလေ့ကျင့်မှုကို ရပ်တန့်ရန် တိုက်တွန်း

တောင်ကိုရီးယားနှင့်အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးစတင်ပြီးနောက် တက်ကြွလှုပ်ရှားသူများက ထိုလေ့ကျင့်မှုကို ရပ်တန့်ရန် တိုက်တွန်း

========================

တောင်ကိုရီးယားနိုင်ငံနှင့်အမေရိကန်နိုင်ငံတို့က နှစ်စဉ်ဆောင်ရွက်မြဲဖြစ်သော အကြီးစား ပူးတွဲစစ်ရေး လေ့ကျင့်ခန်းကို ဩဂုတ်လ ၁၈ ရက်တွင် စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Ulchi Freedom Sheild (UFS) အမည်ရှိ အဆိုပါပူးတွဲစစ်ဆင်ရေးလေ့ကျင့်ခန်းကို ၁၁ ရက်ဆောင်ရွက်မည်ဖြစ်ပြီး တောင်ကိုရီးယားစစ်သည် ၁၈,၀၀၀ ခန့်ပါဝင်လေ့ကျင့်မည်ဖြစ်ကြောင်းနှင့် နယ်ပယ်ပေါင်းစုံတွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို ကြိုတင် သုံးသပ်၍ လေ့ကျင့်မှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် တောင်ကိုရီးယားနိုင်ငံမှ ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူများသည် အဆိုပါ စစ်ရေး လေ့ကျင့်မှုများကို ရပ်တန့်ရန်တောင်းဆိုထားပြီး ယင်းကဲ့သို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခြင်းသည် ကိုရီးယားကျွန်းဆွယ်၌ စစ်ရေးတင်းမာမှုများကိုသာ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း ပြောထားသည်ဟု Yonhap သတင်းဌာနဖော်ပြချက်အရ သိရသည်။