အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ချန်ပီယံဆုနှင့် လွဲချော်
အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ချန်ပီယံဆုနှင့် လွဲချော်
=====================
မြန်မာအမျိုးသမီးအသင်းဟာဩစတြေးလျအသင်းကို ၁ လုံးတည်းသောဂိုးနဲ့ ရှုံးခဲ့ပြီးချန်ပီဆုဖလားနဲ့ လွဲချော်ခဲ့ရပြီဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ပထမပိုင်းပွဲစချိန်ကစလို့ ပွဲပြီးဆုံးချိန်အထိ ဩစတြေးလျအသင်းရဲ့ဖိအားပေး ကစားခံရတာကို တွေ့ရပြီး၊ နောက်တန်းခံစစ်နဲ့ ဂိုးသမားရဲ့ ခုခံနိုင်စွမ်းကြောင့်သာ တဖက်အသင်းရဲ့သွင်းဂိုးတွေကို အံတုနိုင်ခဲ့တာဖြစ်ပါတယ်။
အာဆီယံအမျိုးသမီးချန်ပီယံရှစ်ဗိုလ်လုပွဲမှာ ချန်ပီယံဆုနဲ့လွဲခဲ့တဲ့အတွက် ပရိသတ်တွေကို တောင်းပန်တယ်လို့အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက ပွဲအပြီးပြောကြားခဲ့ပါတယ်။
၂၀၂၅ ခုနှစ် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲတလျှောက် ဂိုးသွင်းအများဆုံးကစားသမားဆုကို မြန်မာအသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက သွင်းဂိုး (၇) ဂိုးဖြင့် ရရှိခဲ့ပြီး ပြိုင်ပွဲတလျှောက် အကောင်းဆုံး ဂိုးသမားအဖြစ် မြန်မာအမျိုးသမီးအသင်း ဂိုးသမား မျိုးမြမြငြိမ်းအားရွေးချယ် ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။
မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းဟာ အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတိုင်းမှာ ဆီမီးဖိုင်နယ်အဆင့်ကိုသာ တက်ရောက်နိုင်ခဲ့ပြီး၊ ဗိုလ်လုပွဲအဆင့်အထိ (၅) ကြိမ်တက်ရောက်နိုင်ခဲ့ကာ ၂ ချန်ပီယံဆုကို ၂၀၀၄ နှစ်မှာ (၁)ကြိမ် ၂၀၀၇ခုနှစ်မှာ (၁)ကြိမ် ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။