ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးမျိုးဇော်သိမ်း ၊ ဗဟိုအလုပ်အမှုဆောင်ဦးမောင်မြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း ရှိ တိုင်း ၊ခရိုင်၊ မြို့နယ် ပါတီ တာဝန်ရှိသူ များ နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးမျိုးဇော်သိမ်း ၊ ဗဟိုအလုပ်အမှုဆောင်ဦးမောင်မြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း ရှိ တိုင်း ၊ခရိုင်၊ မြို့နယ် ပါတီ တာဝန်ရှိသူများ နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
============================
ရန်ကုန် ဩဂုတ် ၁၈
ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဒုတိယ ဥက္ကဌ ဦးမျိုးဇော်သိမ်း ၊ ဗဟိုအလုပ်အမှု ဆောင် ဦးမောင်မြင့် ၊ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီ ဥက္ကဌ ဦးခင်မောင်စိုး တို့ သည်ဩဂုတ် (၁၈)ရက်နေရန်ကုန်တိုင်းဒေသကြီး အတွင်း ရှိ တိုင်း ၊ခရိုင်၊ မြို့နယ် ပါတီ တာဝန်ရှိသူ များ နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပါသည်။
ရှေးဦးစွာ ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဌ ဦးမျိုးဇော်သိမ်းက အမှာစကား ပြော ကြား ရာတွင်ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း များ ကိုဒေသအကျိုး၊ရပ်ရွာအကျိုးသယ်ပိုးဆောင်ရွက်နိုင်မည့်သူများကိုစနစ်တကျ ရှေးချယ်ဆောင်ရွက် ပေးကြရန်၊
ရွှေကောက်ပွဲသည် နိုင်ငံတော် နှင့်ပြည်သူများ၏အနာဂတ်ဖြစ် တဲ့အတွက် မဲပေးခွင့် ရှိသူတိုင်းမဲပေးနိုင်ရန်လိုအပ်ကြောင်း၊ နိုင်ငံရေးကိုပရဟိတစိတ် ဖြင့်ဆောင်ရွက်သွားရန် အမှစကားပြောကြားခဲ့ပါသည်။
ဆက်လက်ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့် ကရွေးကောက်ပွဲ ဆိုင်ရာဥပဒေများ၊ကိစ္စရပ်များကိုသေချာလေ့လာဖတ်ရှုကြရန်နှင့်လေးစားလိုက်နာရန်လိုအပ်ကြောင်းလမ်းညွှန်မှာကြားခဲပါသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးခင်မောင်စိုး က ပါတီလုပ်ငန်းကိစ္စရပ်များ၊ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များ ၊ ရုံးထိုင်မနေပဲ ကွင်းဆင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲ ဥပဒေများကို ဖတ်ရှုလေ့လာ၍ နားလည်အောင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း ၊ မိမိပါတီ အနိုင်ရရှိရေးအတွက် အထူးအလေးထားဆောင်ရွက်ကြရန် အသေးစိတ် မှာလမ်းညွှန်ကြားခဲ့ပါသည်။ဆက်လက် ၍ တိုင်း ၊ ခရိုင် နှင့် မြို့နယ် ပါတီ တာဝန်ရှိသူများက သက်ဆိုင်ရာ နယ်မြေအလိုက် ပါတီလုပ်ငန်းဆောင်ရွက်မှုများအား တင်ပြနွေးနွေးခဲ့ကြပါသည်။