Nike ရဲ့ ပူးတွဲတည်ထောင်သူ ကင်ဆာကုသရေးအတွက် ၂ ဘီလျံလှူ

Nike ရဲ့ ပူးတွဲတည်ထောင်သူ ကင်ဆာကုသရေးအတွက် ၂ ဘီလျံလှူ

====================

Nike ရဲ့ ပူးတွဲတည်ထောင်သူ ဖီးလ် နိုက်တ်ဟာ အမေရိကန် ပြည်ထောင်စုက တက္ကသိုလ်၊ ကောလိပ် ဒါမှမဟုတ် ကျန်းမာရေးဌာနတစ်ခုကို ပေးအပ်တဲ့ အကြီးမားဆုံးသော လှူဒါန်းမှုအနေနဲ့ Oregon Health and Science University(OHSU) ရဲ့ Knight Cancer Institute ကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံ လှူဒါန်းလိုက်တယ်လို့ Knight Foundation က ပြောပါတယ်။

ဒီလှူဒါန်းမှုကို ကင်ဆာကုသမှု၊ သုတေသနနဲ့ လူနာစောင့်ရှောက်မှုဆိုင်ရာ သိပ္ပံနည်းကျချဉ်းကပ်မှုတွေကို ပြောင်းလဲဖို့အတွက် အသုံးပြုသွားမယ်လို့ ဖောင်ဒေးရှင်းက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒီလှူဒါန်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ နိုက်တ်တို့ ဇနီးမောင်နှံဟာ ကင်ဆာသုတေသနရှေ့ဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဘရိုင်ယန် ဒရူကာနဲ့ လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်တုန်းက ဒေါက်တာ ဒရူကာနဲ့ OHSU တို့ဟာ ကင်ဆာသုတေသနအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရရှိဖို့ စိန်ခေါ်မှုတစ်ရပ်ကို လက်ခံခဲ့ကြပြီး နိုက်တ်တို့ ဇနီးမောင်နှံကလည်း လှူဒါန်းမှုတွေကို တစ်ဒေါ်လာချင်းစီ တိုက်ဆိုင်လှူဒါန်းသွားဖို့ သဘောတူခဲ့ကြပါတယ်။

“ကင်ဆာသုတေသန၊ ရောဂါရှာဖွေမှု၊ ကုသမှု၊ စောင့်ရှောက်မှုနဲ့ တစ်နေ့မှာ ကင်ဆာကို အပြီးတိုင် ဖယ်ရှားပစ်နိုင်မယ့် ဒရူကာ ဦးဆောင်တဲ့ တော်လှန်ပြောင်းလဲရေးဆိုင်ရာ အမြင်သစ်မှာ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အရေးရရှိတဲ့အတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်” လို့ ဖီးလ်နဲ့ ပန်နီ နိုက်တ်တို့က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ “ဒီလုပ်ငန်းတွေကနေ လူသားမျိုးနွယ်အတွက် ဖြစ်လာနိုင်တဲ့ အသွင်ကူးပြောင်းမှုဆိုင်ရာ အလားအလာတွေအပေါ် ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားနေပါတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။ #Popular