အသင်းရှုံးလို့ ငိုကြွေးခဲ့တဲ့ နေမာ
အသင်းရှုံးလို့ ငိုကြွေးခဲ့တဲ့ နေမာ
===================
ဆန်းတိုစ်အသင်းရဲ့ တိုက်စစ်ကစားသမား နေမာဟာ အိမ်ကွင်းမှာ ဗာစကိုဒဂါးမားအသင်းကို (၀-၆)ဂိုးနဲ့ ရှုးနိမ့်ခဲ့တဲ့အတွက် ပွဲအပြီးမှာ ငိုကြွေးပြီး ကွင်းထဲက ထွက်ခွာခဲ့ကြောင်း သိရပါတယ်။
အဲဒီရလဒ်က နေမာရဲ့ ကစားသမားဘဝတစ်လျှောက် ဂိုးအပြတ်ဆုံးရှုးပွဲဖြစ်ခဲ့သလို၊ ဆန်းတိုစ်အသင်းအတွက်လည်း ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းမှာ (၆)ဂိုးအသွင်းခံရခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
ဆန်းတိုစ်အသင်းဟာ ဒီရာသီ ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာ ရလဒ်တွေဆိုးရွားနေပြီး တန်းဆင်းဇုန်အထက် (၂)မှတ်အကွာကို ရောက်ခဲ့တာကြောင့် အဲဲဒီပွဲအပြီး နာရီပိုင်းအတွင်းမှာပဲ နည်းပြ ကလီဘာဇာဗီယာလည်း ရာထူးက ထုတ်ပယ်ခံခဲ့ရကြောင်း သိရပါတယ်။
” ကျွန်တော် ရှက်မိပါတယ်။ ကျွန်တော်တိုအသင်းရဲ့ စွမ်းဆောင်ရည်အတွက်လည်း စိတ်ပျက်မိပါတယ်။ ဒီလိုရလဒ်မျိုး ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ဖူးပါဘူး။ ကျွန်တော် မျက်ရည်ကျတာ ဒေါသကြောင့်ပါ။ အရာအားလုံးကြောင့်ပါ။ ကံမကောငး်စွာပဲ ကျွန်တော် ဘယ်လိုနည်းလမ်းနဲ့မှလည်း မကူညီနိုင်ခဲ့ပါဘူး” လို နေမာက ပြောကြားခဲ့ပါတယ်။