မိတ္ထီလာခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပြုလုပ်သောမြို့နယ်/ရပ်ကျေးပါတီကော်မတီဝင်များနှင့်တွေ့ဆုံပွဲသို့ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းတက်ရောက်
မိတ္ထီလာခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပြုလုပ်သောမြို့နယ်/ရပ်ကျေးပါတီကော်မတီဝင်များနှင့်တွေ့ဆုံပွဲသို့ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းတက်ရောက်
=============================
မိတ္ထီလာ ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် မြို့ နယ်/ရပ်ကျေးပါတီကော်မတီဝင်များနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးနှင့်တိုင်းဒေသကြီးပါတီကော် မတီဝင်များ၊မိတ္ထီလာခရိုင်ပါတီဥက္ကဌ၊ မိတ္ထီလာမြို့နယ်ပါတီဥက္ကဌ နှင့်ကော်မတီဝင်များ၊ရပ်ကျေးပါတီဥက္ကဌများ၊တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် ပါတီဗဟိုအလုပ်အမှု ဆောင် ဒေါက်တာမောင်သင်းက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီသည် နိူင်ငံတော်ကောင်းကျိုးနှင့် တိုင်းပြုပြည်ပြုလုပ်ငန်းများ သယ်ပိုးဆောင် ရွက်လိုသူများဖြင့် ဖွဲ့စည်းထားသည့် ပါတီဖြစ်ကြောင်း၊ပြည်ခိုင်ဖြိုးပါတီသည် အလွှာစုံပါဝင်ပြီး တိုင်း ရင်းသားလူမျိုးပေါင်းစုံဖြင့်ဖွဲ့စည်းထားသည့် ပြည်ထောင်စုပါတီဖြစ်ကြောင်း၊လာမည့်ရွေးကောက်ပွဲအောင်မြင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးစေလိုကြောင်း၊ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီး၍ အစိုးရတစ်ရပ်ပေါ်ပေါက်လာပါက နိူင်ငံတော်နှင့်ပြည်သူလူထုအတွက် အကျိုးကျေးဇူးများ ရရှိခံစားရမည်ဖြစ်ကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ရွေးကောက်ပွဲကျင်းပမည့် အခြေအနေများ၊ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိူင်ရေးအတွက် နိူင်ငံတော်အစိုးရနှင့်ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဥ်များနှင့်မဲဆန္ဒရှင်ပြည်သူများမှ ပါဝင်ဆောင်ရွက်ရမည့် တာဝန်များ၊ဖက်ဒရယ်နှင့်ဒီမိုကရေစီစနစ်၏ သဘောသဘာဝများ၊ရွေးကောက်ပွဲတွင် ပြည်သူလူထုတစ်ရပ်လုံး ဆန္ဒမဲပေးရေးစသည်တို့အားရှင်းလင်းပြောကြားခဲ့ပါသည်။
၎င်းနောက် တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းနှင့်ပါတီဥက္ကဌ တို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။