ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းနှင့် တိုင်းပါတီတာဝန်ရှိသူများဝမ်းတွင်းမြို့နယ် ပါတီဝင်များ၊ပါတီဝင်မိသားစုများနှင့်တွေ့ဆုံ

ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းနှင့် တိုင်းပါတီတာဝန်ရှိသူများဝမ်းတွင်းမြို့နယ်  ပါတီဝင်များ၊ပါတီဝင်မိသားစုများနှင့်တွေ့ဆုံ

============================

ဝမ်းတွင်း ဩဂုတ် ၁၈

 

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပါတီဝင်များ၊ပါတီဝင်မိသားစုများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ခရိုင်/မြို့နယ်ပါတီတာဝန်ရှိသူများ၊ပါတီဝင်များ၊ပါတီဝင်မိသားစုများတက်ရောက်ခဲ့ကြပါသည်။

 

တွေ့ဆုံပွဲတွင် ပါတီဗဟိုအလုပ်အမှု ဆောင် ဒေါက်တာမောင်သင်းက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးလာမည့်ရွေး ကောက်ပွဲအောင်မြင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်ပေးစေလိုကြောင်းပြောကြားခဲ့ပါသည်။

 

ဆက် လက်၍ ပါတီဗဟိုအလုပ်အမှု ဆောင်၊မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ရွေးကောက်ပွဲကျင်းပမည့် အခြေ အနေများ၊ရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်မည့် နိူင်ငံရေးပါတီများ အခြေအနေ၊ရွေးကောက်ပွဲတွင် ပြည်သူလူထုတစ်ရပ်လုံး ဆန္ဒမဲပေးရေး၊ပါတီဝင်၊မိသားစု၊ဆွေမျိုးများ၊မိတ်ဆွေများ၊ပါတီဝန်းရံသူအားလုံး မဲပေးရန် စည်းရုံးဆောင်ရွက်ရေးရှင်းလင်းပြောကြားခဲ့ပါသည်။

 

၎င်းနောက် တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းနှင့် ပါတီဗဟိုအလုပ်အမှု ဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။