ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊အလုပ်သမား ရေးရာတာဝန်ခံ ဦးမောင်မြင့် လှိိုင်သာယာ မြို့နယ်ရှိ SHIAN စက်ရုံအလုပ်သမား များ နှင့်တွေ့ဆုံ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊အလုပ်သမား ရေးရာတာဝန်ခံ ဦးမောင်မြင့် လှိိုင်သာယာ မြို့နယ်ရှိ SHIAN စက်ရုံအလုပ်သမား များ နှင့်တွေ့ဆုံ
========================
လှိုင်သာယာ သြဂုတ် ၁၈

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊အလုပ်သမား ရေးရာ တာဝန်ခံ ဦးမောင်မြင့်သည်ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းပါတီကော်မတီဝင်များဖြစ်သော ဦးသန်းမြင့်၊ဦးနေဝင်း၊ အင်းစိန်ခရိုင်ပါတီဥက္ကဋ္ဌ ဦးမင်းသူထွန်း၊ လှိုင်သာယာ(အရှေ့ပိုင်း)ပါတီဥက္ကဋ္ဌ ဦးကြည်စိုး၊ လှိုင်သာယာ(အနောက်ပိုင်း)ပါတီဥက္ကဋ္ဌ ဦးမင်းမင်းတို့လိုက်ပါ လျက်ယနေ့ဩဂုတ်လ(၁၈)ရက်နေ့တွင် လှိုင်သာယာမြို့နယ် SHIAN စက်ရုံအလုပ်သမား များနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး အလုပ်သမားများ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြား၍ စက်ရုံဝန်ထမ်းများအား ဘုရားဆင်းတုတော် အဆူ(၂၀) လှူဒါန်းခဲ့ပါသည်။