ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းသာစည် မြို့နယ်/ရပ်ကျေးပါတီကော်မတီဝင်များနှင့်တွေ့ဆုံပွဲသို့တက်ရောက်
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းသာစည် မြို့နယ်/ရပ်ကျေးပါတီကော်မတီဝင်များနှင့်တွေ့ဆုံပွဲသို့တက်ရောက်
============================
သာစည် ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် မြို့နယ်/ရပ်ကျေးပါတီကော်မတီဝင်များနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးအောင်ကျော်မိုးနှင့်တိုင်းကော်မတီ ဝင်များ၊ ဦးအောင်နိူင်ဦး၊ဦးရွှေနန်း၊ဦးကျော်စန်း၊မိတ္ထီလာခရိုင်ပါတီဥက္ကဋ္ဌနှင့်ခရိုင်ပါတီကော်မတီဝင်များ၊သာစည်မြို့နယ်ပါတီဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ရပ်ကျေးပါတီဥက္ကဌများ တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီသည် နိူင်ငံတော်ကောင်းကျိုးနှင့် တိုင်းပြုပြည်ပြုလုပ်ငန်းများ သယ်ပိုးဆောင်ရွက်လိုသူများဖြင့် ဖွဲ့စည်းထားသည့် ပါတီဖြစ်ကြောင်း၊ပြည်ခိုင်ဖြိုးပါတီသည် အလွှာစုံပါဝင်ပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့်ဖွဲ့စည်းထားသည့် ပြည်ထောင်စုပါတီဖြစ်ကြောင်း၊လာမည့်ရွေး ကောက်ပွဲအောင်မြင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်ပေးစေလိုကြောင်း၊ရွေး ကောက်ပွဲအောင်မြင်စွာကျင်းပပြီး၍ အစိုးရတစ်ရပ်ပေါ်ပေါက်လာပါက နိူင်ငံတော်နှင့်ပြည်သူလူထုအတွက် အကျိုးကျေးဇူးများ ရရှိခံစားရမည်ဖြစ်ကြောင်းဖြင့် ရှင်း လင်းပြောကြားခဲ့ပါသည်။
ဆက် လက်၍ ပါတီဗဟိုအလုပ်အမှု ဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု ဖြစ်စဥ်များ၊ရွေးကောက်ပွဲကျင်းပမည့် အခြေအ နေများ၊ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိူင်ရေးအတွက် နိူင်ငံတော်အစိုးရနှင့်ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဥ်များနှင့်မဲဆန္ဒရှင်ပြည်သူများမှ ပါဝင်ဆောင်ရွက်ရမည့် တာဝန်များအားရှင်းလင်းဆွေးနွေးခဲ့ပါသည်။