ဗိုလ်လုပွဲတက်သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နိုင်ငံတော်က ဒေါ်လာသုံးသောင်း ချီးမြှင့်
ဗိုလ်လုပွဲတက်သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နိုင်ငံတော်က ဒေါ်လာသုံးသောင်း ချီးမြှင့်
——————————
ယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်၌ ဗိုလ်လုပွဲသို့ ရောက်ရှိသွားသော မြန်မာအမျိုးသမီး ဘောလုံးအသင်းကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥ က္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုဆုငွေ ဒေါ်လာ (၃၀,၀၀၀) ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသမီးအသင်းသည် ယမန်နေ့ ဩဂုတ်(၁၆) ရက်က ထိုင်းအမျိုးသမီးအသင်းကို (၂) ဂိုး (၁)ဂိုး ဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF ၏ ထုတ်ပြန်မှုတွင် ဗိုလ်လုပွဲတက်ရောက်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် လက်ရှိတွင် အမေရိကန်ဒေါ်လာ (၃၀,၀၀၀) နှင့် မြန်မာကျပ် သိန်း (၂,၀၀၀) ဆုငွေရရှိထားသည်ဟုလည်း သိရသည်။
မြန်မာလက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် လာမည့်ဩဂုတ်လ (၁၉)ရက် မြန်မာစံတော်ချိန် ည (၇) နာရီခွဲတွင် ဩစတြေးလျအသင်းနှင့် ဗီယက်နမ်နိုင်ငံ Lach Tray Stadium ၌ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်သည်။
ပြီးခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာတုန်းက မြန်မာ အသင်းက သြစတြေးလျ ယူ-၂၃ အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါသည်၊၊
အကယ်၍ မြန်မာအမျိုးသမီးအသင်းသာ ဩစတြေးလျအသင်းကို အနိုင်ရ၍ ချန်ပီယံဖြစ်ခဲ့ပါက (၁၈) နှစ်အကြာတွင် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၏ ချန်ပီယံဖလား ပြန်လည်ကိုင်မြှောက်ခွင့်ရမည်လည်း ဖြစ်သည်။
မြန်မာအသင်းသည် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲသမိုင်းတွင် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်က နောက်ဆုံးအကြိမ် ချန်ပီယံဖြစ်ခဲ့ခြင်း ဖြစ်သည်။