ပါတီဗဟိုအလုပ်အမှုဆောင်ဒေါက်တာပွင့်ဆန်း ရပ်စောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှထူးချွန် ကျောင်းသား/ ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်

ပါတီဗဟိုအလုပ်အမှုဆောင်ဒေါက်တာပွင့်ဆန်း ရပ်စောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှထူးချွန် ကျောင်းသား/ ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်
=========================
ရပ်စောက် ဩဂုတ် ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာပွင့်ဆန်းသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပါတီဗဟိုကော်မတီဝင် ဦးခင်မောင်မြင့်၊ ပြည်နယ်ပါတီကော်မတီဝင် ဦးအောင်ကျော်ညွန့်၊ တောင်ကြီးခရိုင်/မြို့နယ်ပါတီတာဝန်ရှိသူများနှင့်အတူဩဂုတ်လ (၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရသဝတီခန်းမတွင်ပြုလုပ်ကျင်းပသည့် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ/ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံလေးပြုပြီး နိုင်ငံတော်သီချင်း သီဆိုကာ အထက (ဗထူး)မှ ကျောင်းသား/ ကျောင်းသူလေးများမှ “ဇာတိမာန် သီချင်းသီဆိုပြီး ဖွင့်လှစ်ခဲ့ပါသည်။ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာ ပွင့်ဆန်းမှ အဖွင်အမှာစကားပြောကြားပြီး ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိခဲ့သော ကျောင်းသား/ ကျောင်းသူ (၅၉),ဦးနှင့် ဂုဏ်ထူးရရှိအောင်သင်ကြားပေးခဲ့သော ဆရာ/ ဆရာမ (၄၃)ဦးတို့အား ဂုဏ်ပြုဆုချီးမြှင့်ပါသည်။၎င်းနောက် ပါတီဝင်လူငယ်မောင်မယ်များမှ “ရာသက်ပန် ပြည်ထောင်စု သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို နံနက် (၁၁၃၀)ချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ရပ်မိရပ်ဖများ၊ဌာနဆိုင်ရာအဖွဲ့များ၊တိုင်းရင်သားစာပေနှင့်ယဥ်ကျေးမှုအဖွဲ့များ၊ပရဟိတအဖွဲ့များ၊ထူးချွန်ဆုရကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊မိဘများတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။