နိုင်ငံရေးပါတီများ စုပေါင်းပြီး “ရွေးကောက်ပွဲသည် ပြည်သူ့အတွက်” ခေါင်းစဥ်ဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်
နိုင်ငံရေးပါတီများ စုပေါင်းပြီး “ရွေးကောက်ပွဲသည် ပြည်သူ့အတွက်” ခေါင်းစဥ်ဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်
=============
သြဂုတ် ၁၄၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီများစုပေါင်းပြီး “ရွေးကောက်ပွဲသည် ပြည်သူ့အတွက်” ခေါင်းစဥ်ဖြင့် သတင်းစာရှင်းလင်းပွဲတစ်ခုကို ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ Sky Star Hotel ရှိ Ruby Hall တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
သတင်းစာရှင်းလင်းပွဲကို မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ(MPD)မှ ဥက္ကဋ္ဌ ဦးဌေးကျော်က Moderator အဖြစ်လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ(NIDP)မှ နာယက ဒေါ်စိုးစိုးရီ၊ ရခိုင်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီမှ ဥက္ကဋ္ဌ ဦးသိန်းကြည်တို့က Speaker များအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။
သတင်းစာရှင်းလင်းပွဲတွင် ခေတ်အဆက်ဆက်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများ၊ လာမည့်ရွေးကောက်ပွဲသည် ပြည်သူ့အတွက်အရေးကြီးသည့် ကိစ္စရပ်များ၊ ရွေးကောက်ပွဲတွင် မီဒီယာများ၏ အရေးပါဝင်မှု အခန်းကဏ္ဍများအား ရှင်းလင်းဆွေးပြောကြားခဲ့ပြီး တက်ရောက်လာသော မီဒီယာများ၊ အသင်းအဖွဲ့များ၊ ဧည့်သည်တော်များမှ မေးမြန်းသော မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲအား နေ့လည် ၁၂၃၀ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနှင့် တိုင်း/ခရိုင်/မြို့နယ် တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည့်တော်များ၊ အဖွဲ့အစည်းများ၊ အနုပညာရှင်များနှင့် မီဒီယာများ စုစုပေါင်းအင်အား ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။